Professional Authors

အတ္တမဲ့ ကွက်လပ်ဖြည့်

တစ်ပါးသူကို အထင်ကြီး စိတ်ကြီးဝင်
မာနတွေ ရင်မှာခိုအောင်းလို့
အထင်သေးခံလိုက်ရတဲ့ ဝန်ဆောင်မှုတစ်ခု
တန်ဘိုးအားဖြင့် တိုင်းတာကြည့်ခြင်းက
အရာရောက်လာမည် မဟုတ်သလို
ပျက်စီးသွားခြင်းလည်းမဟုတ်ကြ……
သူ့တန်ဘိုးတွေ အထင်သေးခြင်းမှ တစ်ဆင့်
အရောင်တက်လို့ ဘဝအဆင့်မြင့်တဲ့
နေရာတစ်ခု ရောက်ခဲ့တာ
ကိုယ်တိုင် ကြိုးစားမှုရဲ့ ရလာဒ်တစ်ခုပါ…။

ကိုယ်ကပဲ ကောင်းတယ် သူက မကောင်းဘူးဆိုတဲ့
အမြင်တယ်လီစကုတ်ထဲ အဝန်းအားဖြင့်
သေးသိမ်လွန်းတော့ ကိုယ်အတ္တကို
ဘုရားထင် ဘဝင်တွင်လေဟက်
သေကျေပျက်စီးရတဲ့ ဝံပုလွေတစ်ကောင်ရဲ့
မိုက်ဇာတ်တွေကို သခင်ကိုယ်တော်မှိုင်း
ကိုယ်တိုင်ပြောခဲ့ဖူးတော့ နမူနာနည်းနာတွေယူ
တိုက်ခိုက်မူတွေ ရပ်ဆိုင်ပြီ
ရှေ့ဆက်ကြမဲ့ လမ်းကြောင်းတွေကို
အိုဝေအသံပေးလို့ ကကြိုးတွေနဲ့ အလှဆင်
အများတွေပင် ချစ်ကြည်ရေး အားထုတ်လို့ပေး…။

ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
ဘဝင်တွင် လေမဟက်ခင်
ဒေါသ မာနကို ခဝါချ
ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
ကြံဆောင်ကာ နေရာပေးလို့
ကြိုးစားကြစို့….လက်တွဲမဖြုတ်နဲ့လေ…။

ဟန်မဆောင် သရုပ်တွေနဲ့
အလုပ်တွေကို မာန်ပါပါ လုပ်ကိုင်ရင်း
အတ္တဆန် ကိုယ့်အရေး ဘေးဖယ်လို့
သူတို့ အရေး ကြိုးစားကာ တိုးတက်ရေးကို
ဟန်ချက်ညီညီ ပေးဆောင်လို့
အောင်မြင်မှုဆီ လက်တွဲလျှောက်စို့လေ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
ဘဝင်တွင် လေမဟက်ခင်
ဒေါသ မာနကို ခဝါချ
ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
ကြံဆောင်ကာ နေရာပေးလို့
ကြိုးစားကြစို့….လက်တွဲမဖြုတ်နဲ့လေ…။

commentinfo By: အသဲကွဲမိုး at Nov 26, 2011
Comment #2

အသဲကွဲမိုးရေ……….. ကျေးဇူးတင်ပါတယ်….ကျွန်တော်ဆက်လက်ကြိုးစားလျက်ပါ….

Comment #3

ထုံးစံအတိုင်းအားပေးမပျက်အားပေးသွားပါတယ်နော်

commentinfo By: yaewintaung at Nov 26, 2011
Comment #4

ကျွန်တော်လည်း ထုံးစံအတိုင်း အားပေးမှုကို ကျေးဇူးအထူးတင်ပါတယ်….. သူငယ်ချင်းရေ….. ရင်းရင်းနှီးနှီးဖြင့်..

Leave Comments

Name*

Email*
Website
Email me whenever there is new comment