Professional Authors

လမ်းခွဲ

ပြန်ချိန်တန်လို့ ခွဲရတော့မယ်
ဝေဒနာတွေရယ် အတိုင်းအဆမရှိအောင်
ဒီလူကိုထွေးပွေ့ ရက်တယ်…

အလာရယ် အပြန်ရယ်ရှိစမြဲမို့ 
ဖြေနိုင်စရာ တမ်းတမမြင်သော်လည်း
အို…မေရယ်
တုန်ရီနေတဲ့ လက်တဖက်ထုတ်ကာ
အဖြူရောင် စာလေးလှမ်းပေးလှမ်းယူ
ငိုသံလိုလို သဲ့သဲ့တချက်သာ……….

အလာရယ် အပြန်ရယ်ရှိစမြဲဆိုတဲ့
လောက တရားရယ်ကြောင့်သာ
သူမနဲ့  ခွဲခွာကြရတာပါလို့  ဖြေသိမ့်ရဦးမှာပါ…

ငိုသံသဲ့သဲ့တချက်က
ဘယ်ဆီ လာတာလဲ
ငါရဲ့  ဘယ်ဘက်ရင်ခွင်ဆီကလား…..?

In: ကဗျာ Posted By: Date: May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment