Professional Authors

ရင်ခွင်ဟောင်း (မိုးဇက်)

အချိန်ဆိုတဲ့သမားတော်ကြီးကြောင့်သာမဟုတ်ခဲ့ရင်
ရင်ကွဲနာရောဂါကသက်သာလာပါ့မလား
ခါးသက်ခြင်းဆေးဝါးတွေကြောင့်
နားတွေတောင်အူလှပေါ့
မျက်လုံးတွေကန်းသွားတာကပိုကောင်းမယ်ထင်တယ်နော်

မေတ္တာတွေပေးပြီး
သစ္စာတွေပြန်ရခဲ့တယ်လို့ထင်မှတ်မိတာကပဲ
ကဝေပျိုရဲ့လှည့်စားခြင်းကျော့ကွင်းထဲ
နွံနစ်ခဲ့တာပါ။

ထိရှလွယ်တဲ့နှလုံးသား
နင်းချေသွားမှမဟုတ်ပါဘူး
အက်ကြောင်းတွေအထပ်ထပ်ဖြစ်ခဲ့ပြီးသားပါ

ခါးသီးလွန်းတဲ့ဒဏ်ရာ
ရက်စက်လွန်းတဲ့ကံကြမ္မာ
အရာရာကိုငါကြောင့်လန့်စွာနဲ့
အလွမ်းကဗျာတွေဖွဲ့သီရင်း……..
ရမ်းရော်စွာတမ်းတမိနေလေရဲ့
သူ……..ဘယ်ဆီမှာများခိုနားနေပါလိမ့်။

In: ကဗျာ Posted By: Date: Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment