Professional Authors

မရင့်ကျက်သေးတဲ့………..ငါ

မန်ယူဖလားမရတာ
ငါနဲ့ဘာဆိုင်လဲ….
တစ်ခါတစ်ခါ
မဆိုင်တဲ့အရာတွေအတွက်
ထမင်းစားပျက်ရတာကိုမုန်းတယ်……။
ဘရာကြော်ကုလား
ဘရာကြော်လို့အနံ့ထွက်တာ
ငါနဲ့ဘာဆိုင်လဲ
မကြာမကြာ
မဆိုင်တဲ့အနံ့တွေကြောင့်
ဝမ်းတွင်းကဆာလောင်လာတာကိုမနှစ်သက်ဘူး….။
အတ္တဆိုတဲ့တိရိစ္ဆာန်
ငါ့ခန္ဓာထဲမှာအကောင်ပေါက်
အခုဆိုတော်တော်တောင်
အရွယ်ရောက်နေပြီ……..။
အစွယ်ဖွေးဖွေးနဲ့ဘီလူး
ငါ့ကိုဝင်ပူးနေသလား…
လူသတ်ချင်စိတ်ကတဖွားဖွား…
သံသယအတွေးကခပ်များများ…
တရားစကားလည်းမကြားတကြား…..။
မှောင်ပိတ်နေတဲ့လောကကြီးမှာ
ထွက်ပေါက်ကိုလိုက်ရှာ
စိတ်မပါတပါနဲ့လမ်းပြသူများလည်းရှိတယ်…
အိတ်အသပြာစိုက်ထုတ်မှပြုံးပြသူများလည်းရှိတယ်..
အံကြိတ်..အားတင်းရင်းနဲ့
လောကခရီးကြမ်းမှာ
သောကမီးပွားတွေအကြိမ်ကြိမ်လောင်မြိုက်
ကမ္ဘာကြီးပူအိုက်လာတာမအံ့သြတော့ဘူး……..။
မိတ်ဆွေစစ်ဆိုတာ
အပြောကျယ်တဲ့က န္တာရထဲက
အိုအေစစ်တစ်ခုလိုပဲ…
လွယ်လွယ်နဲ့မတွေ့နိုင်ဘူး။
အခက်အခဲကြုံတိုင်း
အမေ….တ..တတ်တဲ့ငါ
လေထန်ထန်လောကကြီးမှာ
ခေါင်းမော့ရင်ကော့ပြီးဖြတ်သန်းတတ်ဖို့
အဝေးကြီး…လို..သေး…တယ်……………………..။   ။

In: ကဗျာ Posted By: Date: May 25, 2012
Comment #1

right..
so nice..
these r our human life

commentinfo By: ei lay at May 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment