Professional Authors

GTC Website

GTC Website

– တစ်ချိန်ချိန်မှာတော့….
နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့
– ဒီနေရာဟာ…လူတိုင်းရဲ့ ဘ၀အတွက်
ကြီးကြယ်ခမ်းနားတဲ့ …. ကြယ်စင်အိပ်မက်တွေ ရှိတယ်
မျှော်လင့်ချက်ကိုယ်စီ နေ့သစ်တိုင်းအတွက်
နေခြည်ဖြာ… သက်တန့်နေ့ရက်တွေ ရှိတယ်
ပြီးတော့… အဆင့်ဆင့် လမ်းခွဲတိုင်းမှာ
လမ်းမလွဲသွားဖို့ သတိပေးဆိုင်းဘုတ်တွေ ရှိတယ်
အနာဂတ်ကို အရောင်လက်အောင် ရွှေချဖို့
ဦးနှောက် ခပ်စိပ်စိပ် ဇယားကွက်တိုင်းမှာ
တစ်ထက်ကြီးတဲ့ (>1) ကိုယ်ပိုင် factor တွေ ရှိတယ်။
– ဒီနေရာဟာ တောက်ပတဲ့ နေ့ရက်တွေအတွက် ၀ှက်ဖဲ တွေ ရှိတယ်
နေ့သစ်တိုင်းကို ဖြတ်သန်းဖို့ password တွေ လို မလို ခန့်မှန်းဖို့ လိုတယ်
သန်းခေါင်ထက် နက်တဲ့ ညတွေ ကျော်ဖြတ်ဖို့ ရှိတယ်
Web page infinity မှာ website မြေပုံညွှန်းတွေ မှန်ကန်ဖို့ လိုတယ်။
– ဒီနေရာဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ် မဟုတ်ပေမယ့်
ဆိပ်ကမ်းတွေ မှား မကပ်မိဖို့ အရေးကြီးတယ်။
– မနက်ဖန်…. နောင် …. တစ်နေ့နေ့….
ကျွန်တော်တို့ ဘယ်လို ဖြစ်လာမှာလဲ……..
– တစ်ချိန်ချိန်မှာတော့….
နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့

(GTC ငါးနှစ်မှာ အကြောင်း အမျိုးမျိုးနဲ့ခွဲခွာသွားတဲ့ သူငယ်ချင်းများနဲ့၊ ငါးနှစ်လုံးလုံး အတူ ပညာသင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းများ၊ မေတ္တာစေတနာတွေနဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမ အားလုံးသို့)

 

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

အားပေးသွားပါတယ်နော် အရမ်းကောင်းတဲ့ကဗျာလေးပါ
ကျေးဇူးလည်းတင်ပါတယ် ဖတ်ခွင့်ရတဲ့အတွက်…
တကယ်ကိုပဲ အခုအချိန်မှာ နာနာကျင်ကျင်နဲ့ကိုလွမ်းနေမိပါတယ်
တစ်ခေါက်တော့ ရောက်အောင်ပြန်သွားချင်မိတယ် GTC ရယ်……

commentinfo By: သမီး at Oct 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment