Professional Authors

လွမ်းချင်း သက်သက်မဟုတ်ခဲ့ပါ

ညတစ်ည ရှိတယ်
လမသာခဲ့ဖူး
ရင်ဘက်တစ်ခုရှိတယ်
အချစ်မခံခဲ့ရဖူး
ယုံကြည်ချက်တစ်ခုရှိတယ်
မပြည့်မှီခဲ့ဖူး
မျှော်လင့်ခဲ့ဖူးတယ်
ဖြစ်မလာခဲ့ဖူး
လွမ်းခဲ့ဖူးတယ်
ဆွေးခဲ့ဖူးတယ်
သိတဲ့သူမရှိဘူး
အရမ်းချစ်တော့လည်း
ခံစားရရုံသက်သက်သာ
မျက်နှာကလေးမြင်ရရုံ
ခြေလှမ်းကလေးတွေ့ရရုံ
ငါရင်ခုန်နေခဲ့မိတယ်
အကြိမ်ကြိမ်အဖန်ဖန် ပေါင်းများလာတော့
ရင်ထဲက သိသိသာသာ
ချစ်ခဲ့တယ်
တစ်ခါကမဟုတ်
အမြဲတမ်း
ရင်ခုန်မှုသက်သက် မဟုတ်
မြတ်နိုးခြင်းတို့ကိန်းအောင်းလို့
ဝေဒနာငှက်ဆိုးတို့ရယ်
တိတ်ပါတော့ကွယ်
သူမအသည်းနှလုံးလေး လန့်နိုးမှာဆိုးလို့ပါ
မင်း ပျော်ပါစေ…………….။

In: ကဗျာ Posted By: Date: Dec 13, 2012
Comment #1

!_!
!_!
!_!
So much touching

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment