Professional Authors

စွန်ကလေးရဲ့မျက်ကွယ်……..

ဆုံးရှုံးရတာခြင်းအတူတူ…
နွယ်ကပိုခံစားရတယ်လို့
မင်းဘာကြောင့်ပြောခဲ့တာလဲ..
တစ်သက်တာအတွက်လို့ပြောပြီးမှ
ဆုံပြီးရင်ခွဲခွာရမှာလို့တရားချ
ဒါ…သက်သက်လူပါးဝတာလား…….။
အကြောင်းပြချက်မရှိပဲ
နိုင်လိုမင်းထက်လမ်းခွဲပစ်ခြင်းအတွက်
တရားစွဲစရာပုဒ်မရှိခဲ့ရင်
မင်းငါ့ကိုခုလိုအပျော်တွဲခဲ့မှာလား…….?????
ကြိုးပြတ်သွားတဲ့စွန်လေး
သစ်ပင်ထက်မှာခိုနားနေတာ
မျှော်ငေးနေရတဲ့ငါ
ဘယ်လောက်မှမဝေးပေမယ့်
စွန်လေးကအောက်မှမဆင်းချင်ပဲ…
မခေါ်တော့ပါဘူး…….
နှုတ်ဆက်…….ကျောခိုင်း
စွန်ကလေးရဲ့ကွယ်ရာမှာပဲ
တို့……….မျက်ရည်ဝိုင်း…………………။

In: ကဗျာ Posted By: Date: May 24, 2012
Comment #1

ကြိုးပြတ်သွားတဲ့စွန်လေး
သစ်ပင်ထက်မှာခိုနားနေတာ
မျှော်ငေးနေရတဲ့ငါ
ဘယ်လောက်မှမဝေးပေမယ့်
စွန်လေးကအောက်မှမဆင်းချင်ပဲ…
မခေါ်တော့ပါဘူး…….
နှုတ်ဆက်…….ကျောခိုင်း
စွန်ကလေးရဲ့ကွယ်ရာမှာပဲ
တို့……….မျက်ရည်ဝိုင်း…………………။(ပင့်သက်)

commentinfo By: May Kha at May 24, 2012
Comment #2

har,,,,,,,,
a yan ko khan sar ya par de shin,,

commentinfo By: ei lay at May 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment