Professional Authors

နားနားပြီးပြော…….မောမယ်ကွဲ့

မပြောမဆိုနဲ့
ကိုယ်က မောင်ရင့်ခေါင်းကို ဂွမ်းခနဲရိုက်ခွဲလိုက်တယ်
ဆိုပါစို့
ဘယ်ပုဒ်မနဲ့ ငြိမယ်ထင်သလဲ
ဒီမယ် မောင်ရင်
ဝင်လာသမျှနဲ့ဆက်ဆံရအောင်
ဒါ သာလယံဇရပ်မှ မဟုတ်တာကွယ်
ကိုယ်ပိုင်အိမ်ယဉ်ကျေးမှုပါ
တံခါးရှိတယ်
ဓါးရှိတယ်
ကိုယ်တို့အားလုံး
မောင်ရင့်ထက်ပိုမသိရင်တောင်
လျော့မသိပါဘူး
ပေါ်ပင်လမ်းပေါ်က
ကကြီးခခွေးကစားနေတဲ့ သူငယ်တော်တွေအကြောင်း
ဟောချင် ပြောချင်သပဆိုရင်လည်း
ဖြည်းဖြည်းပြော နားနားပြီးပြော
မောမယ်ကွဲ့။

In: ကဗျာ Posted By: Date: Mar 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment