Professional Authors

အဝေးတစ်နေရာ

အသွားအပြန်ခရီးဆိုရင် ချစ်ခြင်းမေတ္တာက ဘယ်လောက်ကြာမှာလဲ
အဝေးနေရတာချင်း တူပေမယ့် အနေဝေးရတာချင်း မတူတော့ဘူး
သောက်ရတဲ့ရေကအစ နေထိုင်ပြောဆိုမှုတွေအဆုံး
သူတို့ဓလေ့နဲ့မင်းစရိုက် ဘယ်လိုမှ ကီးညှိလို့မရရင် ခက်မယ်

မင်းရောက်သွားတော့မှ စစ်ပွဲတွေ ထဖြစ်နေမှာ စိုးရိမ်တယ်
မင်းရောက်သွားတော့မှ နေ့တိုင်း မီးပျက်မှာ စိုးရိမ်တယ်
ကမ္ဘာမြေရဲ့တစ်စိပ်တစ်ဒေသ မငြိမ်းချမ်းတာဟာ
ကမ္ဘာမြေတစ်ခုလုံး မီးလောင်တိုက်အသွင်းခံရတာပါငြိမ်းရယ်

မင်းရောက်ရာဒေသက ကလေးတွေ မ၀ရေစာစားနေရရင်
ငါကျန်ခဲ့ရာအရပ်က ကလေးတွေလည်း
ဘယ်လိုဟင်းကောင်းမျိုးနဲ့စားလို့မှ မြိုကျရက်မယ်မထင်ဘူး
မင်းရောက်ရာဒေသက ကလေးတွေ ပညာရေးအခက်အခဲရှိရင်
ငါကျန်ခဲ့ရာအရပ်က ကလေးတွေလည်း သူတို့ဗလာစာအုပ်ထဲ
“ ပူဆွေးကြေကွဲမှု ”ကိုသာ ထပ်တလဲလဲ ရေးခြစ်နေရှာမယ်

ငြိမ်းရေ . . .
မင်း ငါ့ကို ချစ်သလို သူတို့လေးတွေကို မေတ္တာထားပါ
ငါ မင်းကို စိတ်မချသလို သူတို့လေးတွေကို စောင့်ရှောက်လိုက်ပါ
မျက်ဝန်းထဲ ထိုးစိုက်ပျံဆင်းနေတဲ့ ရှုမျှော်ခင်းမှာ
အတင့်ရဲရဲတောင်ပံခတ်လာတဲ့ချိုးဖြူငှက်လေး ဘယ်ဆီဘယ်ဝယ်

                                                                      ကိုသျှား

In: ကဗျာ Posted By: Date: May 24, 2012
Comment #1

တစ်ပုဒ်လုံးကြိုက်တယ် . . 😉
ကောင်းအိ . . 😀

commentinfo By: Natthamee at May 24, 2012
Comment #2

အားပေးသွားပါတယ်…………..

commentinfo By: May Kha at May 24, 2012
Comment #3

မင်း ငါ့ကို ချစ်သလို သူတို့လေးတွေကို မေတ္တာထားပါ
ငါ မင်းကို စိတ်မချသလို သူတို့လေးတွေကို စောင့်ရှောက်လိုက်ပါ ။
အားပေးသွားပါတယ်…

commentinfo By: သွေးသစ်မင်း at May 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment