Professional Authors

ဘိုင့်. . .

မျှော်လင့်နေတဲ့ ကဗျာတစ်ပုဒ်
အဲဒီနေ့က ချို့ယွင်းမှုတွေနဲ့စခဲ့
ပွန်းပဲ့နေတဲ့ဒဏ်ရာတွေနဲ့
ကြမ်းရှရှလေး ထွက်ပေါ်လာရင်း
ကာရန်အချိုးအဆစ်တွေ
ဒိုင်ယာယီမဆန်တော့ပေမယ့်
ဝေဒနာတွေကက န္တရဆန်ခဲ့မိ
တစ်ဖန်တစ်ခါမှာ
တစ်ရံတစ်ခါဆုံတတ်တဲ့
ရင်ခုန်သံအပိုင်းအစတွေလည်း
ရံဖန်ရံခါမှ ပြန်မလှည့်ခဲ့တော့
ဟိုး. . .ဝေးဝေးကပဲ
လက်ပြခွင့်ရှိတော့တယ်။
အခုတော့
မိုးသီးလေးတွေလိုပဲ
တတ်နိုင်သမျှ
မြေပေါ်မှာ အပြန့်ပြန့်ကျဲသွားဖို့ကိုသာကြိုးစားမိ
ဒါကပဲ
ငါ့ရဲ့ ကိုယ်ပိုင်အိုအေစစ်လေးဖြစ်ခဲ့ပေါ့။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment