Professional Authors

အကြိုက်တရားနှင့် အမြိုက်တရား (မောင်ခိုင်မာ)

ကျွန်တော့်သား
ပီကေ၀ါးရတာကြိုက်တယ်။

ကျွန်တော့်မယား
ချိုခါးခါး ချဉ်စပ်
ဗေဒင်ဖတ်ခွင့်ရတဲ့
တစ်မတ်တန် ဇီးထုပ်ကိုကြိုက်တယ်။

ကျွန်တော့်အတွက်တော့
လက်ဖက်ရည်ချိုပေါ့
ဗားတော့ဗရက်ကဗျာ
သစ္စာသီချင်း (ကိုစောညိန်း)
ဆေးပြင်းလိပ်တစ်လိပ်
ဖိုဘီကိတ်ရဲ့ အပြုံး
ထုံးလေးလေးနဲ့
ဆေးမွှေးကွမ်းတစ်ယာ

အို-၀မ်းသာပါတယ်မိတ်ဆွေ
အကြိုက်တရားဆိုတာ
လိုက်စားခွင့်ရှိတယ်
မိုက်မှားခွင့်ရှိတယ်
ထွေပြားခွင့်ရှိတယ်
စေစားခွင့်ရှိတယ်
ဘေးဖယ်ခွင့်ရှိတယ်
ရွေးချယ်ခွင့်ရှိတယ်

ငါးပိနဲ့ဒံပေါက်
ခမောက်နဲ့ခေါက်ထီး
ရင်းနှီးခံစား
ဒါအမှန်တရားတော့မဖြစ်နိုင်။

ကျော်သူကိုကြိုက်တဲ့
စရိုက်တူကောင်မလေးဟာ
မောင်လေးအောင်
မောင်ယဉ်မွန်ဆိုတာ
ဆိုလာချွေးနံ့ပျောက်ဆေးလို
မွှေးသလားကိုကိုတဲ့။

လမ်းဘေးမှာထိုင်စား
ဝက်သားဒုတ်ထိုး အရသာနဲ့
ဦးပုညရဲ့ ကဗျာရသ
ဒါ နှိုင်းရတရားမဟုတ်
ကိုယ့်အထုပ်ကိုယ်ထမ်း
ကိုယ့်စခန်းကိုယ်ဝင်။

မောင်ခိုင်မာ

ဒီဇင်ဘာ၊၁၉၈၆

Comment #1

ဒီလိုကဗျာလေးတွေ ပြန်ဖတ်ခွင့်ရတာ ကျေးဇူး ။ :))

commentinfo By: lynndepa at Jun 10, 2011
Comment #2

ဦးပုညရဲ့ ကဗျာရသ
ဒါ နှိုင်းရတရားမဟုတ်
ကိုယ့်အထုပ်ကိုယ်ထမ်း
ကိုယ့်စခန်းကိုယ်ဝင် တဲ့လား..။

ဖတ်ပြီးတော့ တွေးသွားရတယ်…။

commentinfo By: John Moe Eain at Jun 14, 2011
Comment #3

ဒီလိုကဗျာလေးတွေ ပြန်ဖတ်ခွင့်ရတာ ကျေးဇူး ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment