Professional Authors

မီးအိမ်ရှင်

အမှောင်ထုက ကြီးစိုးမင်းမူနေတယ်..

ပတ်ဝန်းကျင်အသံတွေ

လောက ဥပဒေသအရ ငြိမ်သက်မှုမှာ

အတုန်းအရုံး လဲပြိုကျ

မာကျူရီ မပြောနဲ့

ပိုးစိမ်းကြူ မဖြတ်သန်းတဲ့

အလင်းရောင်မရှိတဲ့ လျှောက်နေကျ

လမ်းကလေးက အခုတော့လည်း

ဖယောင်းတိုင် မီးအိမ်လေးတွေ တန်းစီလို့

လိုအင်ဆန္ဒနဲ့ အေးချမ်းတဲ့

တိတ်ဆိတ်မှုတွေ ပျောက်ဆုံးခဲ့ရ..။

 

ခေတ်က ရိုးရိုးသားသား

တရွေ့ရွေ့ လှုပ်ရှားမှုများ

တနေ့ထက် တနေ့ ကိစ္စတွေ များပြားလာပြီ

အများဆန္ဒတွေ ဒီလိုနဲ့ အဆင်ပြေမှာလား

ဘာကိုဘယ်လို ဖန်တီးမလဲ

မာကျူရီအလင်းပျောက်တဲ့ ဒီလမ်းကြီးထဲ

ဖြတ်ကနဲ ပြက်လိုက် ဖြတ်ကနဲ လာလိုက်နဲ့

လက်ရှိအနေထားက တကယ်ပဲ… တိုးတက်မှုလား…

မီးက မီးအတိုင်း လင်းဖို့..

ရေက ရေအတိုင်း အေးဖို့….

အတ္တတွေ ခေါက်သိမ်းဖို့ လိုမယ်

ကမ္ဘာတခြမ်းမှာ တယောက်တည်း

တွေဝေမနေပါနဲ့ သူတို့ဆန္ဒတွေ ပေးလိုက်ပါ..

သန်းခြောက်ဆယ်ရဲ့ မီးအိမ်ရှင်…။

 

သူဟာ ဖန်တီးရှင်ပါ..

သူဟာ အလင်းရောင် ပိုင်ရှင်ပါ..

သူဟာ မီးအိမ်ရှင်ပါ..

သူ လုပ်နိုင်မှာပါ..

တကယ်ပါ…အမှန်ပါပဲ..

မီးအိမ်ရှင် တယောက်ရဲ့ လုပ်ပိုင်ခွင့်က

နောက်ကျနေတဲ့ နာရီတစ်လုံး ဝတ်ဆင်ထားသလို

အစီအစဉ်တကျ လွဲမှားနေခဲရ….။

 

သူတို့…

မသိခဲ့ကြတာ မဟုတ်ပါဘူး..

နောက်ကျသွားတာပါ..

ဆင်ခြေတွေ ပေးနေတာ မဟုတ်ပါဘူး..

တကယ် နောက်ကျသွားလို့ ဖြစ်တာပါ..

သိတယ်.. တကယ် သိတယ်…

အမှောင်ထုထဲကို တိုက်ခိုက်ပေးမဲ့

အလင်းရောင် ပိုင်ရှင်ဟာ

သန်းခြောက်ဆယ်ရဲ့ မီးအိမ်ရှင်ပဲ..။

 

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: May 22, 2012
Comment #1

he,,he,,
nice.
really meaningful,,brother

commentinfo By: ei lay at May 22, 2012
Comment #2

အားပေးသည့်အတွက် ကျေးဇူးအထူးတင်မိပါတယ်
နောက်လည်း အားပေးအုန်းနော်… ညီမအိလေးရေ…

ဖယောင်းတိုင်း သမိုင်းရေးတဲ့
ဒီခေတ်ထဲ မီးအိမ်ရှင်ပေါ်မှာ အမှန်ပဲ…

ခင်မင်စွာဖြင့်
တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at May 23, 2012
Comment #3

u r welcome,,brother,
sure,,i’ll

commentinfo By: ei lay at May 23, 2012
Comment #4

အမှန်တကယ် ပြောတာပါ….
ညီမအိလေးရေ….

commentinfo By: venpunna at May 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment