မိုးမဆုံးမေးခွန်းတွေ မီးခိုးလို တငွေ့ငွေ့
( ၁ )
ငါတို့ ရောက်ရှိလာခဲ့တယ်
ဘတ်စ်ကားပေါ်မှာ ချစ်သူနှစ်ဦးအတူတွဲထိုင်စရာ
ထိုင်ခုံရဖို့ ခက်ခဲသလိုမျိုး
တွေ့ရာကြုံရာလောကဓံကို ညှိမိညှိရာကီးနဲ့ သီဆိုဖို့
ချစ်ခြင်းတရားဆီ ငါတို့ ရောက်ရှိလာခဲ့တယ်
လူဆိုတော့ နည်းနည်းပါးပါးဖြစ်ဖြစ် သတိ တမံ၊ဥာဏ် မြေကတုတ်လုပ်ထားရမှာပဲ
လှေအဆင်း၊မြင်းအတက်ဆိုတာ အလကားပြောတာ
ကားဆင်းကားတက်ကမှ
ယောက်ျားတွေအတွက်ဆိုရင် အမြဲတမ်း ဖောင်စီးရတာ
မိန်းမတွေအတွက်ဆိုရင် အမြဲတမ်း မီးနေရတာ
ဘယ်လောက်များ စိတ်ညစ်ညစ်နဲ့ အော်ရယ်ပစ်ဖို့ ကောင်းလိုက်ပါသလဲ
နမော်နမဲ့နိုင်တတ်သူလေးကို စိတ်မချဘူး
( ၂ )
မင်းလက်နဲ့ ထီးကိုင်ရမှာ ပျင်းရင် ငါ့လက်ကို ဖြတ်ယူထားလိုက်ပါလား
သောကတွေ ခြစ်ခြစ်တောက်ပူတဲ့အခါ အကာအကွယ်ရတာပေါ့
မောဟတွေ သည်းသည်းမည်းမည်းစွေတဲ့အခါ အရိပ်ခိုလို့ ရတာပေါ့
အခုလိုရာသီမျိုးမှာ မင်း ငရုတ်သီးစားလိုက်တာနဲ့
ငါ့အဖျားက တစ်ရာ့တစ်ဆယ်ဒီဂရီအောက် မလျော့တော့ဘူး
တွေးပူတတ်တဲ့စိတ်က ငယ်ထိပ်တက်နေတော့တာပဲ
( ၃ )
ငါ့အသက်အရွယ်သွေးသားက အရှိန်အဟုန်ပြင်းတယ်
ငါ့အသက်အရွယ်ဝမ်းမီးက အားကောင်းတယ်
စီးဆင်းနေတဲ့ငါ့သွေးသားမြစ်ကို ကဗျာပင်လယ်က သောက်တယ်
ဆာလောင်နေတဲ့ငါ့ဝမ်းမီးက ကဗျာကို ၀ါးမြိုချေဖျက်တယ်
မင်းက ဦးနှောက်ရှိတဲ့မိန်းမတစ်ယောက်ဆိုတော့
အချစ်မှာ အိုဇာတာကောင်းဖို့ထိ တွေးပူ
ငါက အချစ်ကြီးတဲ့ယောက်ျားတစ်ယောက်ဆိုတော့
ဦးနှောက်မှာ ရောက်ရာနေရာကနေ ဘ၀ကိုစဖို့ပဲ
( ၄ )
စားဝတ်နေရေးအကြောင်း
မင်းက ငါ့ကို အမြဲတမ်း ခေါင်းလောင်းထိုးတယ်
လူငယ်ဘ၀ရဲ့လမ်းတွေအကြောင်း
ငါက မင်းကို ရွာရိုးကိုးပေါက် ပြောချင်တယ်
( ၅ )
အသက်အရွယ်ကွာတာတစ်ခုတည်းနဲ့
ငါတို့နှလုံးသားမီးအိမ်လေးတွေကို ငြှိမ်းသတ်လိုက်ရင်
ငါတို့တစ်ဘ၀စာလုံး နောင်တကိုယ်စီ တောထနေတော့မယ်
( ၆ )
စီးကရက်တွေ လျှော့သောက်ဖို့ မင်းပြောတာကို
ငါ နားမထောင်ဘူးမထင်နဲ့
ငါ့ကျန်းမာရေးကို ငါ့ထက်ပိုပြီး မင်း စိုးရိမ်တတ်တာကို
ငါ အလေးအနက်မထားဘူးမတွေးနဲ့
အခု ငါက မင်းရဲ့အဝေးမှာ
ဝေးနေတဲ့နေရာကငါဟာ မင်းရဲ့ဘေးမှာ
မင်းရဲ့မျက်မှန်လေးကို ပုဝါဖြူတစ်စနဲ့သုတ်ပေးနေတယ်
မျက်မှန်အောက်က မင်းမျက်ဝန်းလေးတွေ
ငါ့ဆီ လာလာလင်းတာကို ငေးမောကြည်နူးနေတယ်
တကယ်တမ်းကျတော့ အချစ်ဆိုတာ
မင်းတွေးသလောက် မခက်ပါဘူး
တကယ်တမ်းတော့ ဘ၀ဆိုတာလည်း
ငါတွေးသလောက် လွယ်မှာမဟုတ်ဘူး
ညီမလေးရေ . . . ခက်ပြီ
( ၇ )
ခက်ပြီညီမလေးရေ
မေးခွန်းတွေ ထုတ်လုပ်ဖြန်ဖြူးနေတဲ့မင်းနာမည်တံဆိပ်ကုမ္ပဏီဟာ
မိုးမဆုံးမီးခိုးတွေ ငါ့ကို ကြပ်ခိုးစွဲတယ်
ငါပြောမပြတတ်တဲ့အမှန်တရားတွေလည်း ဆင်ခြေဆင်လက်တွေ
ပေါက်လာရတော့တာပါပဲ
ဆိုလိုချင်တာက မင်းနဲ့ငါရဲ့အချစ်အကြောင်းဟာ
မီးခိုးမဆုံးမိုးမဆုံးပဲ
ကိုသျှား
Comment #2
wow,,,,,,,,,,
a yan mike de talkie tway,
a te hti ko swe twar tar pe,
yin tway kone ya lun loh heart-attack taung ya twar p,
bar loh e lout lae sar phoe kaung aung daw nay ya tar le?
a yan khike par ei.
By: ei lay at May 19, 2012
Comment #3
ကိုသျှား…
တော်2ကောင်းတယ်ဗျာ..
…
By: poem.poem28 at May 19, 2012
Comment #4
အကိုရေ
အကို ပြောဖူးတယ် ရွှေတိဂုံဘေးကဆိုင်မှာလေ
ကဗျာတစ်ပုဒ်ကို နာရီဝက်လောက် အချိန်ယူဖတ်ပါဆိုတာ
ဒီကဗျာကတော့ တစ်ရက်လောက်ဖတ်ပြီး မှတ်ယူရမယ်ထင်တယ်
ကွန်းမန့်ကတော့
ကောင်းပါတယ် ပဲရေးရမှာ အားနာသဗျာ
ကောင်းကိုကောင်းနေတာပဲ ကဗျာက
ဒီတော့ ကော င်းတယ်လို့ပဲ မန့်သွားတယ်အကို
ချစ်ညီလေး
(ရွှေကြယ်မိုး)
By: ရွှေကြယ်မိုး at May 19, 2012
Comment #5
khan sar ya lun loh nout 1 khar htet p ma phat mi aung kyoe sar ya me.
a yan ko heart hti de/
By: ei lay at May 19, 2012
Comment #6
ဒီကဗျာဟာလုံးဝကိုသျှားအစစ်ပဲ……။စကားလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းအသက်အောင့်
ထားမိတယ်…..။
By: terry at Jun 8, 2012




Comment #1
မီးခိုးမဆုံးမိုးမဆုံး……………..