Professional Authors

ချစ်သူရှိရင် ………

လပြည့်ဝန်းကြီးလိုပဲ

ဘယ်လောက်ကြည့်ကြည့်

ကြည့်လို့မဝတဲ့ မင်းမျက်နှာ …….

ငှက်ကလေးတွေရဲ့  တေးသီချင်းလိုပဲ

ဘယ်အချိန်ကြားရကြားရ

အမြဲတမ်း ချိုမြနေတဲ့ မင်းသံသာတွေ …….

မွှေးကြိုင်လန်းဆန်းနေတဲ့

ပန်းလေးတစ်ပွင့်လိုပဲ

ဘယ်နှစ်ကြိမ်နမ်းနမ်း  အမြဲတမ်း

စွဲလမ်းတမ်းတနေစေတဲ့

့မင်းနှုတ်ခမ်းတစ်စုံ …….

တသွင်သွင်စီးဆင်းနေတဲ့

စမ်းချောင်းလေးတစ်ခုလိုပဲ

ဘယ်လောက်ပင်ပန်းပင်ပန်း

ရင်ကို ထာဝရ အေးချမ်းသွားစေတဲ့

မင်းအနမ်းတွေ …….

ိငါ့ဘဝမှာ အရာအားလုံး ပြီးပြည့်စုံပါပြီ

ငါ ဘာကိုမှ မလိုအပ်တော့ပါဘူး

တကယ်ပါ ချစ်သူ

မင်းရှိနေရင် ငါ ဘာကိုမှ

မလိုအပ်တော့ပါဘူး ချစ်သူရယ် ……..

In: ကဗျာ Posted By: Date: May 25, 2013
Comment #1

ဟိ
ရင်တောင်ခုန်သွားတယ်

commentinfo By: ei lay at May 25, 2013
Comment #2

ချစ်သူရှိရင် အိုကေ

commentinfo By: မေပျို at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment