Professional Authors

ငါ့နာမည်………….ဗီဇ

ငါ့နာမည် …………ဗီဇ

 တချို့ကဆို တော်တော် ရယ်(ရီ)ရတဲ့ ကောင်တဲ့

 မညီမျှတဲ့ ဘ၀တွေကို လှောင်ပြောင်သရော်ဖို့

 ကမ္ဘာဦး ဂစ်တာတစ်လက်ရဲ့ နံရိုးတစ်ချောင်းနဲ့

 ဂီတဘုရားက ငါ့ကိုဖန်ဆင်းတယ်။

 

ခပ်ပြင်းပြင်းထိရှခဲ့တဲ့ ဒဏ်ရာတွေကို ခပ်ခါးခါးကော်ဖီတစ်ခွက်လိုမြိုချ

 ငါ့ကမ္ဘာ အကြိမ်ကြိမ်ပြိုကျလည်း………..

 နှစ်ဆယ့်ငါးနှစ်လုံးလုံး အားတင်းပြီးလျှောက်ခဲ့တဲ့လမ်းမှာ

အလေ့ကျပေါက်တဲ့ ဂီတပန်းတွေ ဝေေ၀ဆာဆာ

 

တစ်နေ့နေ့မှာတော့…………..

ဘုရားသခင်ရဲ့ ကောင်းချီးတချို့တ၀က်နဲ့ ဘုရားသခင်ကို

လောင်းကြေးပြန်ထပ်မယ်။

အနုပညာကောင်းကင်မှာ ‘ ဗီဇ ‘ ဆိုတဲ့ ကြယ်တပွင့်အတွက်

 လင်းလက်တောက်ပခွင့် အဆင်သင့်ရှိစေရမယ်လို့…..။

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

u can do it!

commentinfo By: maypyo22889 at Nov 9, 2012
Comment #2

Thank maypyo

commentinfo By: vza at Nov 9, 2012
Comment #3

ခပ်ပြင်းပြင်းထိရှခဲ့တဲ့ ဒဏ်ရာတွေကို ခပ်ခါးခါးကော်ဖီတစ်ခွက်လိုမြိုချ

commentinfo By: mayviolet at Nov 9, 2012
Comment #4

ကောင်းတယ် အကိုရေ….ကိုယ့်နာမည်ကို ကျူးရင့်လိုက်တာ အားကျသဗျာ..

commentinfo By: TK at Nov 9, 2012
Comment #5

this one for you and me (copy:P)

commentinfo By: alankwartarmain at Nov 9, 2012
Comment #6

လှောင်ပြောင်မယ်…? ဘာအတွက်လဲ …?

commentinfo By: SoFarAwayFromU at Nov 9, 2012
Comment #7

ကြိုက်တယ်ဗျာ….

commentinfo By: 13th at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment