Professional Authors

ကကြိုးချို – ဒီရေလှိုင်း

ကကြိုးချို ရယ် မင်းလိုချင်တဲ့ ကဗျာတေး

ကိုယ့်နှလုံးသွေးကနေ နှုတ်

ရေးထုတ်လို့ပေးလိုက်မယ် ။

ကကြိုးချိုရေ

ကိုယ်တို့နှစ်ယောက်ကြားက

အမှတ်တရ တွေဟာ

အမှတ်တရတွေအဖြစ် သိပ်သိပ်သည်းသည်းနဲ့

သိပ်ပြီးခံစားလို့ ကောင်းခဲ့တယ်

ဒေးဗစ်ကော်ပါးဖီလ်း ရဲ့ ပဉ္စလက် ပြကွက်လို

ဖမ်းစားညှို့ယူနိုင်လွန်းတဲ့ အိပ်မက်တွေထဲမှာလည်း

အိပ်မက်တွေက လှလွန်းနေလေတော့

မက်မောနှမျောလွန်းလို့

အိပ်စက်ခြင်းကနိုးကြားမှာ

ကြောက်များကြောက်လို့နေလေရဲ့ ။

ကကြိုးချို ရေ

ယန်းပေါဆတ် ရဲ့ ဖြစ်တည်မှု ၀ါဒမှာ

ငါဖြစ်တယ် ငါရှိတယ်ဆိုတဲ့ အလွဲစကားကို

လွဲမှားစွာခံယူခဲ့ တဲ့ ကိုယ်မာနတရားတွေက

မင်းလေးနဲ့ စသိလာတဲ့အချိန်မှာပဲ

မူကြိုကျောင်းသားတစ်ယောက်လို ကျိုးနွံခဲ့

ကိုယ်တို့ရဲ့ နှစ်ယောက်ကြားက ကဗျာများထဲမှာ

ကဗျာများစွာဖြစ်ခဲ့ ……..

ကကြိုးချိုရယ် …..

ဂန္ထ၀င်နန်းတွင်းရာမ ဇာတ်တော်ကိုကြည့်နေရသလို

မင်းနဲ့ ရင်းနှီးမှု ကကြိုးတွေက ခမ်းနားလွန်းလို့

ရင်သပ်ရှုမော အံ့သြမက်မော ၊ မျက်တောင်မခတ်

ကြည့်မိလို့နေပါရဲ့ ၊ ကိုယ်တို့နှစ်ယောက်

ကကွက်ထဲမှာကို ကကွက်တွေဖြစ်လို့

မမောပမ်းတက်မက် ဆက်ဆက်ကချင်နေသေး

ဒီဘ၀ ညလုံးပေါက် တစ်လျှောက်လုံးကကြမယ်

လင်းရောင်နီတွေလာတဲ့ အထိ ……

ကြေကွဲစရာ အမုန်းအမှတ်တွေမရှိ

ပျော်ရွှင်ဖွယ် အပြုံးဇာတ်တွေကြောင့်

တို့ကကြိုးကို အဆုံးမသပ်ဘူး

နှလုံးရပ်တဲ့ အထိ –

ကကြိုးချိုရေ

တို့နှစ်ယောက် ကကြိုးတွေက

တကယ်သာလှနေတော့

ကန့်လန့်ကာမချပါနဲ့

ဆယ်ကမ္ဘာထိ ကစို့နော် ။
                                      ဒီရေလှိုင်း   

In: ကဗျာ,Others Posted By: Date: May 15, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment