Professional Authors

အိပ်မက်မဟုတ်သောအိပ်မက်များ – ဒီရေလှိုင်း

ကိုယ်ရင်ကို ကိုယ်ပြန်ချိုး
ဒီနံရိုးငယ်တစ်ချောင်းက
ကိုယ့်နှလုံးသားကိုပြန်ထိုးလို့စူး
ဆူးတစ်ချောင်းဖြစ်နေခဲ့ ။

ကိုယ့် ယုံကြည်ချက်
ပြဌာန်းသစ္စာသင်ရိုးတွေကလည်း
မုသား ပို့ချချက် သင်ခန်းစာတွေ
အမြဲတမ်းကိုဖြစ်နေရဲ့ ။

ကိုယ့်နှလုံးသားသွေးစက်တွေနဲ့ ရေးဖွဲ့တဲ့
ကြင်နာခြင်းကာရန် ကဗျာဟန်တွေကလည်း
ကမ္ဘာဖျက်တေးလိုဆူညံနေခဲ့ ။

မကြာမကြာ အခါခါမက်တဲ့
မျော်လင့်ချက်အိပ်မက်တွေကလည်း
ဝရုန်းသုန်းကားအိပ်မက်များနဲ့
အိပ်စက်ခြင်းကိုတောင် ခွင့်ပြုခြင်းမပေးနိုင်ခဲ့ ။

အားကိုးတကြီးနဲ့ မော့ကြည့်လိုက်တဲ့
မျှော်လင့်ချက်တိမ်တိုက်တွေကကော
အဆိပ်သင့်မိုးတွေစုဖွဲ့
ဝင်းပတဲ့ ပျော်ရွှင်မှုနေရောင်တောင်မှုန်ဝါးနေခဲ့ ။

သွေးသားနဲ့ထပ်ပေါင်းတဲ့
မိတ်ဆွေတွေကလည်း ရှိတ်စပီးယားရဲ့
ဂျူးလီယက်ဆီဆာထဲက ဘရူးတပ်လို
နောက်ကျောကိုဓားနဲ့ထိုး စရိုက်ဆိုးနဲ့
သရုပ်ဆောင်ပြနေခဲ့

သေချာတယ် အားကိုးတကြီးငေးမိနေတဲ့
ငွေရောင်လမင်းက အမြဲတမ်းငပုပ်ဖမ်းနေ
ခြောက်အိပ်မက် တစ္ဆေညတွေကလည်း
သံသရာမှာ ရှည်ပဲရှည်နိုင်လွန်း။ ။ ။
                                              ဒီရေလှိုင်း

In: ကဗျာ,Others Posted By: Date: May 15, 2012
Comment #1

နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at May 17, 2012
Comment #2

🙁
🙁
🙁

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment