Professional Authors

မလွမ်းနဲ့တော့ ရွှေဘိုသူ

ရိက္ခာဝေ မနက်ခင်း
မျှစ်ဟင်းချိုရဲ။

တပ်ချီရန် မောင်းသံသွင်း
ဝါးရင်တုတ်ဆွဲ။

မမြင်ရက်ကြာ
ကြင်သက်လျာ အချစ်မြဲပေမယ့်
စစ်ပွဲပြန် အောင်နိမိတ်စေလိုသူမတော့
ရွှေဘိုသူ မြင်ယောင်ဆဲ
လွမ်းပွဲမျိုသိပ်။

သည်းလမ်းမြှောင်မှာ
စခန်းထောင်ကာ ၊ အားလှုံမွေးပြန်ခိုက်
ဓါးပုံသွေး သတင်ထောက်ရာက
ကင်းစောင့်ရှာ တစ်အိုးစားရယ်
ပင်ဝါးရုံရိပ် ။   ။

In: ကဗျာ,Others Posted By: Date: Sep 15, 2011
Comment #1

စစ်ပွဲပြန် အောင်နိမိတ်စေလိုသူမတော့
ရွှေဘိုသူ မြင်ယောင်ဆဲ
လွမ်းပွဲမျိုသိပ်။

စစ်သည်တစ်ယောက်ရဲ့အလွမ်းကဗျာပဲ
ကောင်းပါတယ်
ကိုယ့်လူ

commentinfo By: virus at Sep 16, 2011
Comment #2

ဟုတ်….မလွမ်းတော့ဘူး ။ 😛

commentinfo By: May Kha at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment