Professional Authors

သွေးလက်နှင့်ဝေး

ရှင်မတောင် နံ့သာမွှေး
ပေးခဲ့တဲ့ ဘွားအမွေ
သင်းပျံ့ ဝေဝေ ။

မွှေးကြူစေ
ဆော်လေက အသွေး ။

သို့လည်းလေ အမြင်ထိတ်ပါဘိ
စိတ်ဓာတ်မှာ အတုမှားဝင်လို့
မိတ်ကပ်သာ အုထားချင်သတဲ့
နုပါးပြင် လွှမ်းကာခြယ်တော့
ခန်းသာလယ် နံ့သာမွှေးမှာဖြင့်
(ဘွားဒွေးရယ် … )
သွေးလက်နှင့်ဝေး ။   ။
                          (စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)

In: ကဗျာ,Others Posted By: Date: Sep 6, 2011
Comment #1

သနပ်ခါးနံလေးသင်းသွားတယ်….ဒီကဗျာဖတ်ရင်းနဲ့………

commentinfo By: May Kha at Sep 6, 2011
Comment #2

ရှင်မတောင် နံ့သာမွှေး
ပေးခဲ့တဲ့ ဘွားအမွေ
သင်းပျံ့ ဝေဝေ … စာသားလေးကြိုက်တယ်အကို ။။

commentinfo By: chityellusoelay at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment