Professional Authors

နွယ်

 

 

ရထားတစ်စင်းရဲ့ ဘူတာဝင်ချိန်လို

ခံစားမှုမဲ့တဲ့ ကစ္စမဟုတ်တော့

ပန်းတစ်ပွင့် ပွင့်သလိုမျိုး

ကိုယ်ရင်ထဲရောက်ခဲ့ပေါ့။

 

မယဉ်တယဉ် ဆင်ယင်ထုံးနဲ့

ရင်ခုန်ချင်စဖွယ် အသွင်

တစ်ရစ်ရစ် ဆင့်လို့

သံယောဇဉ်နွယ်ဦးမှာပေါ့ကွယ်။

 

သွယ်ခွင့်မရတဲ့ သံယောဇဉ်ဟာ

လရောင်ကိုသွေးဆောင်

ပိုက်ကွန်ပစ် ပစ်ဖမ်းတဲ့အလား

ဟောဒီမြေပြင်ဟာ

အသွင်ဗလာခည်းတော့ မဟုတ်ပါဘူး။

 

လရောင်ပေးလို့

မြေပြင် အသွင်လေးလှရတယ်။

 

မောင်နေပြာ

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment