Professional Authors

သတိလက်လွတ်

 

သတိလက်လွတ်

 

တချို့ ကျတော့

မြူမှုန်က အစ သဲသဲကွဲကွဲ

တချို့ ကျတော့လည်း

ဂူတစ်ခုလုံးတောင် မမြင်ကြ

အဲဒီနှစ်ခုကြားက

သတိတံခါး ပါးပါးလှပ်လှပ်

လက်ကလွတ်သွားပြီဆိုတာနဲ့

မတော်တဆတွေ အလုံးအရင်း

တစ်ဖက်လူ ဖိနပ်ကို နင်းချင်နင်း

ခလုတ်ကန်သင်းက အစ

လူ၊ လူ ချင်း..

ယာဉ်၊ ယာဉ် ချင်း..

စိတ်၊ စိတ် ချင်း..

တွန်းမိ၊ တိုက်မိ၊ ခိုက်မိ

အရှိုက်ထိသွားခဲ့တဲ့ ဘ၀တွေ

တစ်စုံတစ်ယောက်ရဲ့  အမှတ်တမဲ့က

ပဲ့ကျသွားခဲ့ရတဲ့ အသက်တွေ

လက်ချိုးရေမရအောင် များပြား

လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ ကမ္ဘာပေါ်မှာ

ကံကြမ္မာချိန်းဆိုရာ..အရပ်ကို

ခြေချော်လက်ချော် ထွက်ထွက်သွားကြ

နောင်တ တရားတို့ မဆီးမိုးနိုင်ခင်မှာပဲ

နမော်နမဲ့ ရောဂါဆိုးက

ခပ်လွယ်လွယ် လဲလှယ်ယူသွားလိုက်တာ

တဒင်္ဂနဲ့ တစ်ဘ၀စာ…။

 

တယော 

In: ကဗျာ Posted By: Date: May 12, 2012
Comment #1

Like….violin

commentinfo By: 13th at Apr 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment