Professional Authors

သစ္စာ

လာမယ်ပြောပြီး မလာတာလည်း
သစ္စာပျက်တာပဲမဟုတ်လား
ငါ့ဒဏ်ရာတွေက
မထင်မှတ်ပဲ နက်နက်ရှိုင်းရှိုင်း။

လက်ချိုးစောင့်မျှော်ခဲ့သော နေ.တွေ
လက်ချိုးရေရင်း ကျော်လွန်ခဲ့ပြီ
နာကျင်ခြင်းဟာ သွေးကြောတလျောက်
တမျှင်းမျှင်း လှုပ်ခုန်နေတယ်။

သားကောင်က ကျော့ကွင်းကို သတိရသလိုမျိုး
ပင်လယ်က မုန်တိုင်းကို သတိရသလိုမျိုး
ငါ…….မင်းကို သတိရနေခဲ့ပါတယ်။

စိတ်နာဖို.ကလွဲပြီး
တခြားမမျှော်လင့်ချင်တော့ဘူး
လာစေချင်တာကိုလည်း ပြောမနေဘူး
တစ်ဖက်သတ်ချစ်ဖို.ဆိုရင်
ငါတစ်ယောက်တည်း ဖြစ်တယ်။ ။

In: ကဗျာ Posted By: Date: Jun 28, 2010
Comment #1

သူကပျက်ပေမဲ့ ကိုယ်ကမဖျက်ပဲ…
တစ်ဖက်သတ်အချစ်ရဲ့ သစ္စာမြဲပါစေလေ…

commentinfo By: မှုံရွှေရည် at Jun 28, 2010
Comment #2

ofcourse,.faithfulness is really important.

commentinfo By: ei2lay at Jul 10, 2011
Comment #3

i like both title & poem so much that read 5 times.

commentinfo By: ei lay at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment