Professional Authors

တ၇ားခံ

တပ်မက်မှုမရှိလွမ်းဆွတ်မှုအတိ
ပိုင်ဆိုင်မှုမပါ ပေးဆပ်မှုများစွာနဲ့…..
နွေးထွေးနေခဲ့တဲ့ နှလုံးခုန်သံ
ဘယ်သူရေခဲရိုက်ခဲ့တာလဲ…..
ပျော်ရွှင်မှုပြည့်နေခဲ့တဲ့ ဘဝနေ့များ
ဘယ်သူအဆိပ်ခပ်ခဲ့တာလဲ……
လှပနေခဲ့တဲ့ အပြုံးများ
ဘယ်သူအရောင်ပြောင်းစေခဲ့တာလဲ….
တောက်ပလွန်းခဲ့တဲ့ မျက်ဝန်းနက်များ
ဘယ်သူအသက်နှုတ်သွားခဲ့တာလဲ……
ပေါ့ပါးလွန်းခဲ့တဲ့ စိတ်များ
ဘယ်သူဖဲ့ခြွေခဲ့တာလဲ…….
တရားခံမရှိတဲ့ စွဲချက်မှာ
ပြစ်ဒါဏ်မသိ ကျုးလွန်ခဲ့တာ ငါ…..ငါ………ပါ။

In: ကဗျာ Posted By: Date: May 11, 2012
Comment #1

any prove?

commentinfo By: ei lay at May 12, 2012
Comment #2

ချစ်သူ…နင်ငါကိုဘယ်လောက်ပဲမုန်းတယ်ပြောပြော…. အဲ.အမုန်းကို ငါ.ရဲ.အချစ်နဲ.ကုစားပေးလဲ.ပါ….. နင်ဘာလိုပဲမုန်းနေပါစေ ငါချစ်တာကိုနင်သိရင်ငါသေပျော်ပါပြီဟာ… နင်ငါကိုဘယ်လောက်မုန်းနေပါစေ ဘယ်လောက်ပဲရက်စက်ပါစေ ငါကတော.နင်ကိုအပြူံးမပျက်ပဲအင်္ဆုးမသတ်ဘဲနှင်္လုးရက်တဲ.အထိချစ်သွားမှာပါ…. တက်နိုင်ရင်နင်ငါ.ကိုနင်.ရဲ.သာယာအေးမြတဲ.ချစ်ကမ်းခြေမှာနားခိုလှည်.ပေးပါလားဟာ…….. .ငါတို.နှစ်ယောက်သား ခိုင်မြဲသောင်္သယောဇဉ်… မြဲသောချစ်ခြင်းတွေနဲ…. သာယာတဲ.ချစ်အိမ်လေး တည်ဆောက်ကြမယ်… ဘယ်သူဖြတ်ဖြတ်တို.နှစ်ယောက်သား…ကြမ်းတမ်းတဲ.အမုန်းမြို.ကြီးကနေ… ထွက်ခွာကြရအောင်လားချစ်သူရယ်…

commentinfo By: နေလင်းထွန်း at May 12, 2012
Comment #3

အားပေးကြပါနော် ကျွန်တော်ကဗျာလေးကိုလည်း

commentinfo By: နေလင်းထွန်း at May 12, 2012
Comment #4

တပ်မက်မှုမရှိလွမ်းဆွတ်မှုအတိ
ပိုင်ဆိုင်မှုမပါ ပေးဆပ်မှုများစွာနဲ့…..
နွေးထွေးနေခဲ့တဲ့ နှလုံးခုန်သံ
ဘယ်သူရေခဲရိုက်ခဲ့တာလဲ

…………………
အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲ မိုး at May 12, 2012
Comment #5

wow,,,
so nice,,ko nay lin htun,
i like ur ideas & admire ur attitudes,

commentinfo By: ei lay at May 12, 2012
Comment #6

တပ်မက်မှုမရှိလွမ်းဆွတ်မှုအတိ
ပိုင်ဆိုင်မှုမပါ ပေးဆပ်မှုများစွာနဲ့…..
နွေးထွေးနေခဲ့တဲ့ နှလုံးခုန်သံ
ဘယ်သူရေခဲရိုက်ခဲ့တာလဲ…..
ပျော်ရွှင်မှုပြည့်နေခဲ့တဲ့ ဘဝနေ့များ
ဘယ်သူအဆိပ်ခပ်ခဲ့တာလဲ……
လှပနေခဲ့တဲ့ အပြုံးများ
ဘယ်သူအရောင်ပြောင်းစေခဲ့တာလဲ….
တောက်ပလွန်းခဲ့တဲ့ မျက်ဝန်းနက်များ
ဘယ်သူအသက်နှုတ်သွားခဲ့တာလဲ……
ပေါ့ပါးလွန်းခဲ့တဲ့ စိတ်များ
ဘယ်သူဖဲ့ခြွေခဲ့တာလဲ…….
တရားခံမရှိတဲ့ စွဲချက်မှာ
ပြစ်ဒါဏ်မသိ ကျုးလွန်ခဲ့တာ ငါ…..ငါ………ပါ။

commentinfo By: zawthetoo at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment