Professional Authors

ဇာတ်တော်သစ်

အနှေးပြကွက်ကို ပြန်ကြည့်မှ
ငါ ခံလိုက်ရပုံက ပက်ပက်စက်စက်
ဒါတောင် သူ “ အနီကတ် ” မထိဘူး။

လှည့်စားခြင်းဟာ လေပြည်ပါပဲ
အေးမြတယ် ညင်သာတယ်
အကောင်အထည် မရှိဘူး
ဒါပေမယ့်
တည်ငြိမ်မှုကို ပျက်စေတယ်။

ဘယ်တုန်းက ဆုံးရှုံးသွားတာလဲ လို.ပြောပြဖို.
ဘယ်တုန်းက ရရှိခဲ့တာလဲ လို. မေးလာမလား
ငါ………ရှက်မိတယ်။

ဆဒ္ဒန်ဆင်မင်း မဟုတ်တော့
သည်းခံ ခွင့်လွှတ်ရတာလည်း
အောင့်သက်သက် နိုင်လွန်းခဲ့တယ်
ဒီဇာတ်တော်ကို ပြန်ပြင်ကြစို.
မင်းလည်း နောင်တ မရချင်နဲ.
ငါလည်း မြားမမှန်ချင်ဘူး။    ။

In: ကဗျာ Posted By: Date: Jun 25, 2009  
Comment #1

လှည့်စားခြင်းကို လေပြေနဲ့ နှိုင်းတာ သဘောကျ၏။

ဆဒ္ဒန်ဆင်မင်း မဟုတ်တော့
သည်းခံ ခွင့်လွှတ်ရတာလည်း
အောင့်သက်သက် နိုင်လွန်းခဲ့တယ်..

ကိုလည်း ထောက်ခံ၏

commentinfo By: အရဲ at Jun 26, 2009
Comment #2

ဆဒ္ဒန်ဆင်မင်း မဟုတ်တော့
သည်းခံ ခွင့်လွှတ်ရတာလည်း
အောင့်သက်သက် နိုင်လွန်းခဲ့တယ်
ဒီဇာတ်တော်ကို ပြန်ပြင်ကြစို.
မင်းလည်း နောင်တ မရချင်နဲ.
ငါလည်း မြားမမှန်ချင်ဘူး။ ။

မိုက်တယ်ဂျာ..ကြိုက်တယ်…

commentinfo By: Kitty Yang at Jun 26, 2009
Comment #3

ဘောလုံးပွဲကြည့်ရင်းစရေးဖြစ်ပုံပဲ 😛

commentinfo By: LoRdiE at Jun 26, 2009
Comment #4

ကဗျာလေး.ကိုကြိုက်တယ်..ဒါပေမယ့်…
လှည့်စားခြင်းကို လေပြေနဲ့ နှိုင်းတာ..မကြိုက်ဘူး..:(

commentinfo By: လေပြေ at Jun 2, 2010
Comment #5

လေပြေက လှည့်စားတတ်တာပဲ ဟာကို …. 😛

commentinfo By: harry at Jun 2, 2010
Comment #6

ဘယ်တုန်းက ဆုံးရှုံးသွားတာလဲ လို.ပြောပြဖို.
ဘယ်တုန်းက ရရှိခဲ့တာလဲ လို. မေးလာမလား…

ကောင်းပါ့ရှင်…

commentinfo By: မှုံရွှေရည် at Jul 17, 2010
Comment #7

ဒါတောင် သူ “ အနီကတ် ” မထိဘူးဆိုတော့.
ဒိုင်လူကြီးကမျက်နှာလိုက်တာနေမှာပေါ့..

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #8

လှည့် စားတတ်တဲ့ သူ က လူတော်..
သူ အနီကတ် ထိလေ့ မ၇ှိဘူး

commentinfo By: Cho at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment