Professional Authors
နေ၇ာ
မင်းမရှိတဲ့ နေ့တွေဟာ
လမရှိတဲ့ ညတွေလိုပါပဲ
ငါ့အတွက်တော့ ခြောက်သွေ့လွန်းပါတယ်။
ပြန်ခေါ်ဖို့ရေး စိတ်မှာတွေးလည်း
ဝန်လေးခဲ့တာ….ငါ။
နင်မေ့ချင်လို့ ထွက်သွားပြီးမှ
ပြန်လှည့်လာဖို့အင်အားမရှာပါနဲ့တော့။
အပေါ်ယံသာရှိ အနှစ်မရှိ
ပိုင်ဆိုင်မှုမရှိတဲ့ လက်ဝယ်ရှိမှု
မနက်ဖြန်လောက်တောင်
မသေချာတဲ့နင့်ကို
ပြန်ယုံကြည်ဖို့အင်အား ဘယ်နားရှိမယ်မှန်းတောင်
ငါမသိတော့ဘူး။
ဝေးကွာသွားတာမဟုတ်ပေမယ့်
နီးစပ်မှုမရှိနိုင်တာတော့သေချာတာပေါ့။
သတိရတတ်တဲ့ ငါ့စိတ်ကိုပဲ
မြုပ်ပစ်ဖို့ နေရာလေးတွေ့ပါရစေ။
In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1
နင်မေ့ချင်လို့ ထွက်သွားပြီးမှ
ပြန်လှည့်လာဖို့အင်အားမရှာပါနဲ့တော့။
Leave Comments
Name*
Email*
Website
Email me whenever there is new comment