Professional Authors

နောက်ကျမိုးမျက်ရည်

ငါချစ်တယ်

ဖြူစင်တဲ့အချစ်နဲ့သာ

မြတ်နိုးတယ်

မင်းအပြုအမူတိုင်းမှာ

မခူးရက်ဘူးဆိုပေမယ့်

ပိုင်ဆိုင်ချင်တဲ့စိတ်

ရှိခဲ့ပါတယ်

မျှော်လင့်ခဲ့ပါတယ်

အိမ်မက်များစွာလည်း

မက်ခဲ့ဘူးပါတယ်။

 

သူပိုင်ဆိုင်တဲ့

လွတ်လပ်ခြင်း

ချုပ်ကိုင်ဖို့မကြိုးစားမိသလို

အလိုလိုနဲ့ငါ

အခစားဝင်နေခဲ့တာ

ဒါသူအသိခဲ့ဆုံးပါ။

 

မျှော်လင့်မထားတဲ့အဖြေ

ငါရခဲ့ပြီး လေးလံတဲ့ ခြေ

ငါလျှောက်လှမ်းရင်း

မျက်ရည်များ ဝဲလည်ကာ

ငါလေဝမ်းနည်းရင်း

တမနက်ပြာကောင်းကင်လည်း

မဲညိုအုံမှိုင်း ဒုန်းဒိုင်းဒိုင်းနဲ့

မိုးများလည်း ချိန်းခဲ့ပြီ

ကောင်းကင်ကြီးလည်းငိုခဲ့ပြီ

သြော်.မိုးရယ်

နဲနဲလေးတော့နောက်ကျတယ်

ငါက ငိုပြီးပြီ။

In: ကဗျာ Posted By: Date: May 11, 2012
Comment #1

oh,,,,,oh,,,,,oh,,,
really feel sorry,,
really feel upset.

commentinfo By: ei lay at May 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment