Professional Authors

ရင်လွဲခန်း နောက်ကွယ် .. (ဒဿ-မျက်ရည်)

မငိုဝံ့ပါဘူး ..စင်မြင့်က မသီတာရယ် 

ဝါရွှေနွယ်သွေး….အသားရောင်တူဖို့

နီကျင်ကျင် ငါ့အရေခွံကို…

ဓားနဲ့ခြစ်လို့ခွာချ 

နင့်အတွက် ဆို ပြာ ကျ ပေး နိုင် ခဲ့သူပါ။

 

နင်မုန်းတဲ့

ငါ့ မျက်ရည်စက်တွေနဲ့ ဒူးထောက်ပါတယ် မသီတာ

ခြွေရံသင်းပင်း အစုံအလင် နဲ့

ခြေမှာ ရွှေချ ထားပေးလည်း

နင်မပျော်တဲ့ ငါ့ရင်ခွင်ဟာ   ရွှံ့ ရိုင်း နွံ သက်သက်

ငါသိပေမယ့်

ငါ့ရဲ့အဝေး ဘယ်သူ့နံဘေးကိုမှ 

ပြန်မလွှတ်နိုင်ဘူး …မသီတာ..

ငါ့ကို

ခွင့် မ လွှတ် ပါ နဲ့။

 

ဘယ်အစီအရင်

ဘယ်စုန်းကဝေအတတ်နဲ့မှ 

နင့်ရင်မှာ ငါပုံရိပ်

ထွင်းလို့ မ၀င်နိုင်ဘူးလား .. သီတာရယ်

ငါဟာ..နင့်အတွက် ဘီလူးဆိုးကြီးနေရာမှာ ပဲလား ???

ထားပါ  

နင့်အမုန်းဆုံးစာရင်းမှာ ငါ့အမည် ကို မှင်နီတားထား

ဒီပွဲမှာ ငါနိုင်ရင် သေမင်းနဲ့ ရင်ဆိုင်ဝံ့သတဲ့လား???

 

ရှုံး ပါ ရ စေ တော့ …သီတာ

ငါ ရှုံး သွား ပါတယ်

နင့်အသက်နဲ့ လောင်းကြေးမထပ်ဝံ့တဲ့ငါ

မြှားစိုက်ဒဏ်ရာကြားက ပဲ

နင်မရက်စက်ဘူး ဆိုတဲ့အကြောင်း  ဟစ်ကြွေးကာ မြည်တမ်းခဲ့ပါ တယ်

 

( သံသယတွေနဲ့ ထုံမွှန်း ..

ချစ်လှချည့်ရဲ့ဆိုတဲ့..

နင့်ချစ်သူရာမထံ

သစ္စာဆို မီးပုံထဲ ခုံ ဆင်း ပြ ၀ံ့ မှတော့

နင့်အပေါ်ဖြူစင်လွန်းတဲ့

ဒီလူ့ ဘီလူးကြီး ဒဿ……

ငါ့မျက်ရည်နဲ့နွေးထွေးကာ အေးမြစေအောင်  ကျိန် တယ်

 

စိတ်ချ…မသီတာ…..

ဒီမီးတောက် ဘယ်လောက်ပူပူ …

နင့်ခန္ဓာတစက်လေးရယ်မျှ..

မတောက်လောင် မလောင်ကျွမ်း မှာ မို့

ကျေးဇူးပြုပြီး……..

ငါ့ ကျ ဆုံး ခြင်း တွေနဲ့ အတူ နင်…ထာဝရ..ပျော် စံ ပါတော့)

In: ကဗျာ Posted By: Date: Jun 15, 2012
Comment #1

မိုက်တယ် .. မိုက်တယ်

commentinfo By: yanlay at Jun 15, 2012
Comment #2

so nice,,ma moe,
a yan kyike de,
ngar ye a way be thu na bay ko hma pyan ma hlut naing bu,
ak ta g de pe pyaw pyaw,,selfish phyit de pe so so,,lone wa ga u ma sike bu,
nint a twat par,, 😛
bar loh le so dot nint ko ngar lout be thu hma 1 tet lone ma chit naing bu. 😛

commentinfo By: ei lay at Jun 15, 2012
Comment #3

ငါ့ ကို ခွင့်  မ လွတ် ပါ နဲ့ 
ဖတ်မတဲ့ ကဗျာတိုင်းသေစေလောက်တယ်
လေးစားလျှက်

commentinfo By: sharon myorr myor at Jun 15, 2012
Comment #4

ဘာပြောရမှန်းတောင် မသိဘူး မမိုးရေ . . . . .

စိတ်တွေက အတိတ်တွေကို 🙁

commentinfo By: လမင်းဇော် at Jun 15, 2012
Comment #5

ကျွန်တော့်ကို အားပေးနေဆဲ ..အားပေးနေတဲ့ ကျွန်တော်ချစ်သော ကဗျာမောင်နှမများ အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…

commentinfo By: အသဲကွဲမိုး at Jun 16, 2012
Comment #6

ဝို … ၀ို့  … ဂုဏ်ယူပါတယ် မသီတာ …. 😀

commentinfo By: htoowai at Jun 17, 2012
Comment #7

ထူးဝေ ကျေးဇူးတင်ပါတယ်လို့

commentinfo By: အသဲကွဲမိုး at Jun 23, 2012
Comment #8

ကောင်းလိုက်တဲ့ ကဗျာ.လေး

commentinfo By: 13th at Apr 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment