Professional Authors

ချစ်လှစွာသော.. ကမ္ဘာကြီး

ဇာတ်ခုံပေါ်က
တို့ဘဝပြဇာတ်တွေ
ကမ္ဘာကြီးအတွက်  ပေါင်ချိန်တက်ခဲ့…။

အနုပညာကို နားမလည်သောကမ္ဘာကြီး
ဘာမှမသိသော ကမ္ဘာကြီး
အင်တာနက် ကဖီးတွေကို  ခေါ်လာခဲ့သည်
မြေသြဇာတွေကို  ခေါ်လာခဲ့သည်
ပလတ်စတစ်ပန်း အတုတွေကို ခေါ်လာခဲ့သည်..။

အနုပညာကို နားမလည်သောကမ္ဘာကြီး
ဘာမှ မသိသော ကမ္ဘာကြီး
ဖက်ရှင်ရောဂါအသစ်ကိုခေါ်လာခဲ့သည်
လူအထင်ကြီးအောင်ဟန် ကိုယ့်ဖို့လုပ်တတ်တဲ့
လူလည်စရိုက်ယဉ်ကျေးမှုကိုေ ခ်ါလာခဲ့သည်..။

အနုပညာကို နားမလည်သောကမ္ဘာကြီး
ဘာမှမသိသော ကမ္ဘာကြီး
မြန်မြန်မွေးပြီး မြန်မြန်သေဖို့
ရောဂါအသစ်တွေကို  ခေါ်လာခဲ့သည်
ပါကင်ထုပ်နည်းအသစ်တွေကို  ခေါ်လာခဲ့သည်..။

အနုပညာကို နားမလည်သောကမ္ဘာကြီး
ဘာမှမသိသော ကမ္ဘာကြီး
ဘာမှန်းမသိတာတွေကို ခေါ်လာခဲ့သည်
အိုဘားမားကို  ခေါ်လာခဲ့သည်
ပို့စ်မော်ဒန်ကို ခေါ်လာခဲ့သည်
နိုင်ငံရေးအဖွဲ့အစည်းတွေကို  ခေါ်လာခဲ့သည်
နိုင်ငံရေးသမား အတုတွေကို  ခေါ်လာခဲ့သည်…။

အနုပညာကို နားမလည်သောကမ္ဘာကြီး
ဘာမှမသိသော ကမ္ဘာကြီး
ယပ်ခပ် ချွေးမတိတ်တော့ပါ…
သို့သော်………..
သဘာဝမှာတော့  သော့ရှိပါသည်..။    ။

In: ကဗျာ,Others Posted By: Date: Jun 8, 2011
Comment #1

သဘာဝမှာတော့ သော့ရှိပါသည်..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment