Professional Authors

ခံစားချက်မှတ်စု(၂)

ဟန်ဆောင်အပြုံးနဲ့ တည်ဆောက်ထားတဲ့…
ကျွန်တော့်ရဲ့ ရင့်ကျက်ခြင်းကို
ကျွန်တော်မုန်းတယ်…

မုသားရယ်ပါ ဆိုကြသော်လည်း…
ချစ်ဦးသူရဲ့ နှုတ်ခြွေစကား…
အဆိပ်မြားတို့ အား
ခုံမင်တတ်နေသေးတဲ့ တစ်ဇွတ်ထိုးစိတ်ကို
ကျွန်တော်မုန်းတယ်…

နံရံလေးဘက် ကျောပြင်ကပ်ထားလည်း…
လုံခြုံမှုကင်းမဲ့…အတွေးတွေရဲ့ …
စိတ်ဝိဥာည်ကို … ကျွန်တော်မုန်းတယ်…

လောက အလှဆင် …
တစ်ချိန်က ကျွန်တော့်ရဲ့ ကဗျာတွေဖြစ်တဲ့ …
တိမ်တွေကိုတောင်…
အနားသတ်မညီဘူးရယ်လို့ … အပြစ်မြင်မိတဲ့
ကျွန်တော့်အတွေးတွေ…
စီးကရက် ငွေ့ တွေနဲ့ အတူ …
ရှုထုတ်လိုက်ချင်တယ်…

ဖြူစင်ခဲ့တဲ့..ကျွန်တော့်စိတ်ထား…
စကားပန်းလေးရယ်..
မာနချင်းပြိုင်…ရန်သူတွေဝိုင်းရံတော့…
ဘယ်ရောက်သွားလဲ…အပြစ်ကင်းစင်မှုတွေရယ်…
ဘေးစကားတွေကြောင့်…
ရိုးတံရယ်…ချိနဲ့ သွားပြီလား…

တစ်ခုထဲရယ်ပါ…
ထွက်မသွားပါနဲ့ တော့…
ကျွန်တော့်ကိုချစ်သော လူတွေနဲ့ များ..
တွေ့ သော်တွေ့ ညား…
လက်ဆောင်ပေးရအောင်…
စစ်မှန် ချိုမြိန် အေးချမ်းစေမဲ့…
အပြုံးလေးတစ်ခုအား….။။။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Don’t smoke.
🙁

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment