Professional Authors

သမ္ဗန္ဓ

ဒီခေါင်းစဉ်မျိုးဘယ်မှာတွေ့ဖူးပါလိမ့်…။

ဘာမင်ဂမ်..။ ဟေတီ..။ မွန်ဘိုင်း…။ ကောလင်း…။ မဲဆောက်…။ ချမ်းအေးသာဇံ…။ အပိုလို ၁၈…။

တစ်နေရာရာ..သို့မဟုတ် နှစ်နေရာရာ ..ဒါမှမဟုတ် And So On…။

ကွန်ပြူတာကို ပိတ်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ပါတဲ့…

ပိုင်ဆိုင်သမျှတွေ ၀ုန်း ခနဲ လှူပစ်လိုက်သူကြီးက ဆိုဖူးတယ်…။

(ခန်းဆီးတွေတော့ တပ်မထားနဲ့ပေါ့..)

ဆီသည်မလက်သုတ်ပြောပြော၊ ၀ပ်ရှော့ဆရာဂျင်းဘောင်းဘီခေါ်ခေါ်…

မောင်အောင်ပွင့်မရေးဘူး…။ လူအိမ်မရေးဘူး…။ စည်သူငြိမ်း မရေးဘူး…။စောဝေ မရေးဘူး…။ နေပန်ဦး မရေးဘူး…။

မယုံဘူးလား။ပြက္ခဒိန်မော့ကြည့်၊ခေါင်းကုတ်

အနီရောင်ရက်စွဲတွေ များများတွေ့မယ်..။

မီရေမီ မာ ဖာ ရီရေ ဒို..။ အသံထွက်ရွတ်တတ်မှ အဓိပ္ပါယ်သိမယ်..။

အရအမိကိုလိုသောသူကား အရအမိ ရစေ၏…ကောင်းမှုကို လိုသောသူကား ကောင်းမှုကို ရစေ၏..။

အချစ်အကြောင်း ၊ နိုင်ငံရေး ၊ တိုတိုလေး ၊ သဘာဝပတ်ဝန်းကျင် ၊ လူတိုင်းနားလည်ခြင်း ၊ ရီရယ်လစ်ဇင်တွေ ပါရင်

ကဗျာလို့မသတ်မှတ်ဘူးဆိုတဲ့ လူတတ်ကြီးများတံတွေးခွက်…

၂၀၀% အခွန်ဆောင်ပြီး ပျော်ပျော်ကြီးကူးတယ်။

အငွေ့နဲ့ အရည် အချိုးကျ ပေါင်းစပ်လို့…….

ဟိုသီချင်းစာသား ၊ မပီမသရွတ်လည်း ကြိုက်တယ်

ငါဟာ ညတစ်ခုမြင်ဖို့ နေ့ခင်းဘက် အိပ်နေသူပါ..။

ဗြိတိသျှလိုဆို ဘယ်လိုပြောရပါ့

ပြောင်းပြန်စီးတဲ့ မြစ် ဆိုဆို

အောင်ချိမ့် မရေးဘူး..။ စိုင်းဝင်းမြင့် မရေးဘူး…။ အိုအောင် မရေးဘူး…။ ကျော်အောင်သစ် မရေးဘူး…။ ၀ိုင်ချို မရေးဘူး…။

အာဂုံဆောင်မှ အာဂလူ…။

ပျောက်ဆုံး ၊ အလောင်းရှာမတွေ့ ၊ စာရင်း အာဂုံဆောင်ထားလား။

ဟော ……. ကြည့်လေ။

မနေ့ကပဲ ဗူး…….ဒီနေ့ ဖရုံသီး သွားပြီ။

အာဂလူ မဖြစ်သေးဘူး ကိုယ့်လူ။နွေရာသီသင်တန်းတွေ ပေါပါတယ်.။စုံစမ်းကြည့်….

စကားတိုက်ပွဲအသစ်အသစ်တွေ ထိုင်ကြည့်မယ်။

ဖရုဿဝါစာ အသစ်တွေ ရရ လာတတ်လို့။

လူပြောများတဲ့ အင်တာဗျူးတွေ အတိုင်း…..ဘာတဲ့။

ကျွန်တော်က ချပြမှာပါ။ သမီးက ချပြချင်တာ ။

တစ်ခါတစ်လေလည်း ငရမန်ကန်းကြီးလို အော်ချင်ရဲ့……

ကျန်စစ်သား ငါ့ကိုခိုးတယ် ၊ ကျန်စစ်သား ငါ့ကိုခိုးတယ် ၊

ကျေးဇူးကန်းတယ် ပြောပြော ၊ အမြင်ကျဉ်းပြီး ဟိုဟာကျယ်တယ် ပြောပြော ၊

နွယ်စိမ်းဝေ မရေးဘူး…။ နေမျိုး မရေးဘူး…။ မင်းဆွေနှစ် မရေးဘူး…။ ပိုင်စိုးဝေ မရေးဘူး…။ လူပအောင် မရေးဘူး…။

================================

အဲ………………….။

လူတခြို့ဒေါ့ ယေးဒယ် ။

 

…………………………………………………………………..ဟိန်း(2.5.12)…

In: ကဗျာ Posted By: Date: May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment