Professional Authors

လူတစ်ယောက်အကြောင်းးး

မှုတ်ထုတ်လိုက်တဲ့ အခိုအငွေ့တစ်ချို့နဲ့
ဘ၀ ကို ပျော်သလို ဖြတ်သန်း
ငါက ဆေးလိပ်တို တစ်တိုလားးးးး

ဒါမှမဟုတ်
အရည်မရ အဖတ်မရ
ကွမ်းတစ်ယာ လားး ဘာမှ
မရေရာတဲ့ လောကကြီးမှာ
သေချာတာတစ်ခုကတော့
မွေးဖွားပြီး ရင်
သေဆုံးချင်ဆိုတာ တော့ ရှိမှာပေါ့

လူတစ်ယောက်တဲ့
မွေးဖွားတဲ့ က ငိုလိုက်ရတာ
သေဆုံးတော့ လဲ
ပူဆွေးမှုတွေထားခဲ့
ဘာမှ လဲ ကောင်းမွန်တာမ ရှိ
ဒီဘ၀ကြီး ကို
လောဘတွေ မောဟတွေ
ဂုဏ်ဓန တွေ ဖုံးလွှမ်း
မာနတွေ တက်နေလိုက်ကြတာ
ဒီလို နဲ့ သေဆုံးချင်ဆီ
တရွေ့ရွေ့ နီးကပ်

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

ကဗျာတွေ က ကျွန်တော် စိတ်ထဲ ရှိတာကို စကားလုံးတွေနဲ့ ချပြလိုက်တာ ခံစားလို့ အကြောင်းတိုက်ဆိုင်ရင်ပဲ ဖြစ်ဖြစ် မကြိုက်ရင်ပဲ ဖြစ်ဖြစ် အရာရာ ကို လိုအပ်တယ် ဆိုရင် ကျွန်တော် ညံ့ဖျင်းမှုပါ

commentinfo By: pooqee at Dec 2, 2011
Comment #2

100% right

commentinfo By: ei lay at Dec 2, 2011
Comment #3

ဘာကို 100% right တာလဲ အိလေး ကဗျာ ကို လား အောက် က စာသားကိုလား

commentinfo By: pooqee at Dec 2, 2011
Comment #4

အားပေးသွားတယ်…

commentinfo By: myintmo at Dec 2, 2011
Comment #5

he,,he,,,
poem ko par shin.
sorry,,,
sorry,,
i should tell clearly.

commentinfo By: ei lay at Dec 3, 2011
Comment #6

ဒါဆို အခုရေးတဲ့ “လူတစ်ယောက်အကြောင်း” ဆိုတာက ဖေကြီးအကြောင်းပေါ့…. ဟီးးးးးး
ဒါဆိုလဲ လောဘမတက်ပဲ ဒီတိုင်းလေးပဲနေသွားတော့လေဖေကြီးရ….. ကောင်းဘူးလား……… 🙂

commentinfo By: သမီးလေး at Dec 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment