Professional Authors

ရာဇဝင်မတွင် သမိုင်းကြောင်း

ရိုမီယို ရဲ့ ဒိုင်ယာရီ တစ်ရက်
အသည်းပျက်သွားမှ ယုံခဲ့တယ် ….

ထရိုဂျန်ရဲ့ သူရဲကောင်း
အကြိမ်တစ်သောင်း အလေးပြုမိတယ် ….

ကျန်စစ်သား မဏိစန္ဒာ ရှင်မွေးနန်း မင်းနန္ဒာ … … … …

မင်းတို့ချစ်တတ်သလို ငါလည်း ဒူးထောက်တတ်တယ် ….
မင်းတို့သာ ကျောက်စာထက်မှာ ပျော်နေကြတာ

နွေဥဩရဲ့ သစ်ရွက်တွေ ဘယ်သူတွေ စာနာပေးလို့လဲ ….
ပက်ကြားအက် ရေမဝင် ဘယ်သူတွေ မြေလာဖို့ပေးသလဲ ….

ငါဟာအမိုက်အမှောင်များတဲ့ တတ်ယောင်ကားပါ
လည်ချောင်းကွဲကွဲ တစ်ခုနဲ့ ဆူညံစွာ တိုးတိုးလေးပြောမယ် …. ….

ငါ့ရဲ့ တိမ်တွေကို သယ်ဆောင်သွားပါ …. …. ….

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment