Professional Authors

သင်္ကြန်

ငွေမျောတော့ ငွေနဲ့လိုက်

ရေမျောတော့ ရေနဲ့လိုက်

ခင်ဗျားကိုယ်တိုင်မျောတော့ ဘာနဲ့လိုက်မလဲ…။

နွားနို့ခွက်ထဲ (လူ့)မလိုင်တွေ

အတုံးလိုက် အတစ်လိုက်..။

အမဲဖျက်တဲ့ အသံတွေကြား

ငါ့ပိတောက်ကိုင်းကလေး တဆတ်ဆတ်ခါ။

အုတ်ကားအောက် ခေါင်းထိုးပေးတဲ့အခန်း

ကျွန်တော်ဆင်ဆာဖြတ်ချင်တယ် ဘဘငြိမ်း..။

တာဝန်နဲ့ ၀တ္တရားအရ

တန်ခူးဟာ သူ့ကိုယ်သူ ခူး ပစ်လိုက်ပေါ့…။

ဒီဘက်နှစ်ပိုင်းမှာ

ငါဟာ မြန်မာလို့ ပြောရတာ

ရှက်လာတယ်…..။

 ……………………………………………..ဟိန်း(15.4.12)…

In: ကဗျာ Posted By: Date: May 6, 2012
Comment #1

phat shu r pay twar par d,

commentinfo By: ei lay at May 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment