Professional Authors

အလှချင်းထပ် မြတ်နိုင်ကြပါစေ(genius)

ကျွန်တော်တို့ မြန်မာနိုင်ငံကို အ၇င့်အ၇င်တည်းက ယဉ်ကျေးမှု မြန်မာနိုင်ငံတော်လို့ သတ်မှတ်ပြောဆိုကြတာ စာဖတ်သူများ သိကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံ၇ဲ့ယဉ်ကျေးမှုကို မပျက်စီးအောင် ထိန်းသိမ်း၇မှာက မြန်မာနိုင်ငံမှာ၇ှိတဲ့ မြန်မာနိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်လို့ မြင်ပါတယ်။မြန်မာမိန်းကလေးများ ခေတ်မီတိုးတတ်နေတဲ့ ခေတ်ထဲမှာ ခေတ်မီစွာ ၀တ်စားဆင်ယင်တာပဲ ကောင်းပါတယ်။ခေတ်ဆန်စွာ ၀တ်စားဆင်ယင်မယ်ဆို၇င်တော့ အဲဒီအလှ၇ဲ့နောက်ကွယ်မှာ အန္တ၇ယ်တွေ ၀ိုင်းနေတယ်ဆိုတာကို ကျွန်တော် မပြောလည်း သိမယ်လို့ထင်ပါတယ်။မြန်မာအမျိုးသမီးတွေမှာ ကိုယ်ပိုင်အ၇ည်အသွေး၊ကိုယ်ပိုင်အလှတွေ ကိုယ်စီ၇ှိကြပါတယ်။မြန်မာမလေးတွေ၇ဲ့ အလှဟာ ဖော်စ၇ာမလို၊ပေါ်စ၇ာမလိုပဲနဲ့ ပင်ကိုယ်လှပြီးသားပါ။၇ှိပြီးသားအလှကို တင့်တယ်စေမယ့် ၀တ်စားဆင်ယင်မှုတွေကိုပဲ ပြုစေချင်ပါတယ်။တစ်ချို့မိန်းကလေးတွေ ၀တ်စားဆင်ယင်မှုတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ အလွန်ဝေးကွာနေတယ်လို့ ထင်မိပါတယ်။အဲဒီလို့ ၀တ်စားဆင်ယင်မှုတွေကို ကျွန်တော်မပြောပဲနဲ့ စာဖတ်သူများမြင်ကြ ၊တွေ့ကြမှာ အမှန်ပါ။ကျွန်တော့်တို့ နိုင်ငံတိုးတက်သင့်သလောက်တိုးတတ်နေပါပြီ၊အဲလိုတိုးတတ်နေတာ သ၇ုပ်ပျက်အောင် ၀တ်စားဆင်ယင်ဖို့ အခွင့်အေ၇းပေးထားတာမှ မဟုတ်တာ။နောက်ပြီး… မော်ဒယ်သ၇ုပ်ဆောင်တွေ သူတို့ကလည်း မြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတွေပါပဲ။အဲဒီလိုမော်ဒယ်တွေဖြစ်နေတာက သူတို့ကို ဟိုဖော်၊ဒီပေါ်၊ဟိုလုပ်၊ဒီအလုပ် စင်ပေါ်တတ် ကိုယ်ဟန်အသားပြဖို့ လက်မှတ်ပေးထားတာ မဟုတ်ဘူးလေ။မ၀တ်ခင်တည်းက မြန်မာဆိုတဲ့ မြန်မာစိတ်ဓါတ်လေး မွေးထားသင့်တယ်လို့ ထင်ပါတယ်။ တိုင်းတစ်ပါးကို အတုခိုးပြီး ၀တ်ဆင်တဲ့ အလှနဲ့ မြန်မာလို့ဝတ်၊မြန်မာလို လှတဲ့အလှ ဘယ်အလှက ပိုမြတ်မလဲဗျာ…။သူတို့နိုင်ငံ၇ဲ့ဝတ်စားဆင်ယင်မှုကို အတုခိုးသလို ကျွန်တော်တို့ မြန်မာနိုင်ငံ၇ဲ့ဝတ်စားဆင်ယင်မှုကို အတုခိုးစေချင်တယ်။ဒါက ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကို ပြောပြထားပါ။ယဉ်ကျေးမှုပျက်၇င် လူမျိုးပျက်တယ်လေ…။အဲဒီတော့.. မြန်မာမိန်းကလေးများ ယဉ်ကျေးမှုမပျောက်ပျက်စေမယ့် ၀တ်စားဆင်ယင်မှုကို ၀တ်စားစေချင်တယ်။မြန်မာလူမျိုးပီပီ မြန်မာလို လှစေချင်တယ်။မြန်မာအမျိုးသမီးများ မြန်မာလိုဝတ်၊မြန်မာလို့လှပြီး အလှချင်းထပ်မြတ်နိုင်ကြပါစေ……။

(ကျွန်တော် ဒီဆောင်းပါးကို စေတနာအ၇င်းခံပြီးေ၇းထားတဲ့အတွက်စေတနာ အမှားပါ၇င် အပြစ်မယူ ခွင့်လွှတ်စေချင်ပါတယ်)

In: ဆောင်းပါး Posted By: Date: Mar 16, 2011
Comment #1

ကောင်းတယ်…ဒီလိုဆောင်းပါးလေးတွေ ရေးသင့်တယ်….

commentinfo By: အသဲကွဲမိုး at Mar 16, 2011
Comment #2

ကောင်းတယ်အားပေးသွားတယ်နော်

commentinfo By: sawmyawadi at Mar 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment