Professional Authors

မေ – နရီထက်

မေ… ကေသာထက်
စပယ်တွေ ဝေ.. လှတွေ သီလို့
နှင်းဆီတစ်ပွင့်လည်း အပြုံးက ကြွယ်
နက်မှောင်ကျော့ဆင်း မေ့ဆံနက်ထက်က
ပြေပြေလေးနှင့် လေပြေ ရှက်နိုင်လေရဲ့

ရင်ပုံစီကျယ် ချိတ်ဆွဲထမိန်
ပုံတော်ဖိနပ်မြင့်ရယ်က
မေ့ အလှကို ကူစေသလား
ဇာထက်ပုခုံး ပုဝါပါးက 
ယဉ်ပေလှဆုံး သည်နှလုံးကို
အေးစေသတဲ့… မေ့ရဲ့

ယုံကြည်ဖေးကူ ခြေလှမ်းသွယ်လျာ
ဆက်ကူလျှောက်စဉ်
အိနြေ္ဒရယ် ကြွယ်
မြင်သူ ခိုက်ငြိမ်း 
ငေးကြည့်ကျန်သာ 
မေ့လှတွေ ရစ်မူးစေသတတ်လား

အပျိုရိုင်းလေဒီ ခေတ်ပြိုင်ကြားမှာ
ခေတ်မှီတဲ့ အလှဖော်တွေလယ်
ယဉ်စေသတဲ့ မေ့လှတွေက
ခေတ်မတုံးသေးဘူး
ယှဉ်ကာ တွဲပ
မေ့ကျက်သရေ ဖုံးကာပြည့်လို့
မေသာ အလှဆုံးပါ… 

ပွင့်လွှာ နှုတ်ခမ်း ပွင့်တစ်ချပ်သာ
မေ့ပြုံးတိုင်းသာ ပန်းတွေ ပွင့်လာ
လေရူးရိုင်းကြား မေ့ရယ်သံက
တိတ်တခိုးနှင့် ပျံလွင့်စေသလား


အိမ်မက်ကို အပိုင်စား 
တွေးနက်နက်မှာ မေ့မျက်နှာလွှာက
ပန်းချီကားတစ်ချပ် ဖမ်းစားလောက်တယ်
တည်ငြိမ် ရုပ်သွင် 
မေ့ဟန်ပန်က
အပျိုရိုင်းလေဒီကြားမှာ
အသည်းစားလေဒီ ဖြစ်သတဲ့
မေရဲ့….။      ။


နရီထက်
( ၂၇ ၊ ဧပြီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Apr 27, 2012
Comment #1

အ၇မ်း၇မ်းကိုကောင်းပါတယ်၇ှင့်

commentinfo By: nyo at Apr 28, 2012
Comment #2

မေ… ကေသာထက်
စပယ်တွေ ဝေ.. လှတွေ သီလို့
နှင်းဆီတစ်ပွင့်လည်း အပြုံးက ကြွယ်
နက်မှောင်ကျော့ဆင်း မေ့ဆံနက်ထက်က
ပြေပြေလေးနှင့် လေပြေ ရှက်နိုင်လေရဲ့

ရင်ပုံစီကျယ် ချိတ်ဆွဲထမိန်
ပုံတော်ဖိနပ်မြင့်ရယ်က
မေ့ အလှကို ကူစေသလား
ဇာထက်ပုခုံး ပုဝါပါးက
ယဉ်ပေလှဆုံး သည်နှလုံးကို
အေးစေသတဲ့… မေ့ရဲ့

ယုံကြည်ဖေးကူ ခြေလှမ်းသွယ်လျာ
ဆက်ကူလျှောက်စဉ်
အိနြေ္ဒရယ် ကြွယ်
မြင်သူ ခိုက်ငြိမ်း
ငေးကြည့်ကျန်သာ
မေ့လှတွေ ရစ်မူးစေသတတ်လား

အပျိုရိုင်းလေဒီ ခေတ်ပြိုင်ကြားမှာ
ခေတ်မှီတဲ့ အလှဖော်တွေလယ်
ယဉ်စေသတဲ့ မေ့လှတွေက
ခေတ်မတုံးသေးဘူး
ယှဉ်ကာ တွဲပ
မေ့ကျက်သရေ ဖုံးကာပြည့်လို့
မေသာ အလှဆုံးပါ…

ပွင့်လွှာ နှုတ်ခမ်း ပွင့်တစ်ချပ်သာ
မေ့ပြုံးတိုင်းသာ ပန်းတွေ ပွင့်လာ
လေရူးရိုင်းကြား မေ့ရယ်သံက
တိတ်တခိုးနှင့် ပျံလွင့်စေသလား

အိမ်မက်ကို အပိုင်စား
တွေးနက်နက်မှာ မေ့မျက်နှာလွှာက
ပန်းချီကားတစ်ချပ် ဖမ်းစားလောက်တယ်
တည်ငြိမ် ရုပ်သွင်
မေ့ဟန်ပန်က
အပျိုရိုင်းလေဒီကြားမှာ
အသည်းစားလေဒီ ဖြစ်သတဲ့
မေရဲ့….။ ။

အစကနေ အဆုံးထိကောင်းတယ် ကိုကြီး အားပေးသွားတယ်ဗျာ။

commentinfo By: thuya at Oct 13, 2012
Comment #3

🙂
🙂
🙂

commentinfo By: ei lay at Oct 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment