Professional Authors

ရှုထောင့်

လက်ဖမိုး လက်ဖ၀ါး

 တောပြောင်းကျားနဲ့ ရွာပြောင်းလူ

ကမ်းနှစ်ဖက်မီးခိုးတန်းတွေ

 မြစ်ပေါ်မှာ တအုံနွေးနွေး …….

စဉ်းစားမိတာက

 ပင်လယ်ပြာ လှိုင်းခေါင်းဖြူ

   မြစ်ကြောင်းဝါ ကန်ရေစိမ်း

     မိုးစက်တွေ ဘယ်ပုံဆင်းခဲ့သတုန်း…….

တဖက်မြက်ခင်းမှ ပိုစိမ်းတယ်ထင်ကြ

 ကိုယ့်ရိုးရာကိုယ်တင်မြှောက်ကြ

  ကိုယ့်ကြော်ငြာ ကိုယ်လည်ကမ်းကြ

   ……………………….နဲ့

တကယ်တမ်းမတော့

 ဟော့သည့်ကမ္ဘာလုံးလုံးကြီးနဲ့

      အဆုံးစမရှိ စကြာဝဠာထဲ

         ဦးခေါင်းတည်ရာဘက်ကိုသာ

         အထက်လို့ဆိုချင်တယ်………

In: ကဗျာ Posted By: Date: Apr 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment