Professional Authors

ထောင်

အုတ်နရံများ ပတ်လည်
ဝိုင်းရံထားသော နေရာအား..
ထောင် ဟုခေါ်သည်။

အလယ်မှာ နတ်သမီး နေတဲ့ ကျွန်း မရှိဘူး..
ဒါပေမယ့်..လေ ထဲမှာတိုက်ဆောက်..
ဝါးလုံးခေါင်းထဲမှာ လမသာပေမယ့်..
ဘူး ၀မှာတော့ ငါးဆယ်တန်တစ်ရွက်
ပျောက်ကြဘူးတယ်..

အာရုံတွေကို ခြေတော် အတင်ခံ
မနက်မိုးလင်း မျက်နှာသစ်ဖို့..
ကိုယ့်တံတွေး ကိုယ်မျိုချရတဲ့..နေရာ

အဲ့နေရာမှာ..
ပရိုမီးသီးယပ် မရှိဘူး..
ဗီးနပ် မရှိဘူး..
ဟက်တာ မရှိဘူး..
အပိုလို မရှိဘူး..
ဂျနီဖာလိုပက် မရှိဘူး..
မခင် ဦး မရှိဘူး…

အဲ့နေရမှာ..
ကျောက်ခဲကို ဖြတ်နိုင်တဲ့..
အစာအိမ်တွေ ရှိတယ်..
်ယုံကြည်ချက်ကို..ရွှေချ
အနိုင်မခံ အရူံးမပေး စိတ်ဓာတ်တွေ ရှိတယ်..
ဒူးပေါ် ပေါင်ပေါ်..
ဆေးပေါ့လိပ် နွမ်းနွမ်းတွေ ရှိတယ်…

ဘ၀ကို…ရောင်းတန်းဝင်အောင်
အရောင် တင်…
တုတ်တစ်ချောင်း နဲ့လိုက်ထိုးကြည့်လိုက်..
ရေချိုးပေးလို့ မရတဲ့ မီးခိုးတွေ…
အူ လို့ ထွက်လာလိမ့်မယ်..

ဝိပသနာကို….
နိဗ္ဇန်ရောက်ဖို့ထက်..
ကိုယ့်စိတ် ကိုယ်လုံဖို့ ကျင့်သုံးရတယ်..

အတိုင်းအတာ မရှိလည်း..
မိုနာလီဇာလို အပြုံးမျိုးမြင်တိုင်း..
အဲ့နေရာကို…
ကျွန်တော် ပြန်ပြန် သတိရတတ်တယ်…

ခင်ဗျားတို့လည်း..
တစ်ညအိပ် နှစ်ညအိပ်လောက်
လိုက် လည် ပါလား…..

(မောင် အတီး)

In: ကဗျာ Posted By: Date: May 23, 2013
Comment #1

ယုံကြည်ချက်ကို..ရွှေချ
အနိုင်မခံ အရူံးမပေး စိတ်ဓာတ်တွေ ရှိတယ်..

commentinfo By: မေပျို at May 23, 2013
Comment #2

ဟာ………………comment မပေးဘဲကို မနေနိုင်အောင်ပါဘဲ

commentinfo By: nate thit at May 23, 2013
Comment #3

🙂

commentinfo By: ei lay at May 24, 2013
Comment #4

လိုက်တော့မလည်ပါရစေနဲ့

commentinfo By: paye phyo at May 24, 2013
Comment #5

အားကျလာပြီ… စမ်းတောင်ကြည့်ချင်တယ်…

ကြောက်တယ် ဟီးဟီ..

commentinfo By: minhein at May 24, 2013
Comment #6

like
like
like

commentinfo By: ပန်း at May 24, 2013
Comment #7

အတီး good တယ်

commentinfo By: shinelalin at May 24, 2013
Comment #8

အတီး တကယ်ကောင်းပါတယ်………….

commentinfo By: ကျော်ငြိမ်းအောင် at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment