Professional Authors

စိတ္တဇ ည

လရောင်ကမပေါ်တပေါ်

ညဉ့် ကခက်နက်နက်

နာရီသံကတချက်ချက်

ထရံပေါက်ကြိုးတိုးကျဲတဲက

အပြင်ကိုချောင်းကြည့်တော့

လျှပ်စီးတွေလက်နေတာ

ကမ္ဘာကိုဖြိုမည့်အလား

ဝိုးတ၀ါးမည်းမည်းတွေက

ဘယ်ညာယိမ်းနွဲ့ 

မကြာခင်ကောင်းကင်မဲ ကြီး

အော်မြည်းသံနဲ့ အတူငိုတော့မယ်

မလုံမလဲဓနိမိုးကြားက

မိုးရေစက်ကတပေါက်ပေါက်

လေကြမ်းတွေကတိုက်ခတ်

မိုးကြိုးတွေကဆက်တိုက်ပစ်

အားငယ်စိတ်နဲ့ 

ဘေးကိုစမ်းမိတော့

ငါတစ်ယောက်တည်းဘဲ………

သြော်……..

မိုးမင်ရယ်တိတ်ပါတော့

ကျွန်တော်အထီးကျန်တာကို

ကျွန်တော်သတိမထားချင်လို့ ပါ…..

 

In: ကဗျာ Posted By: Date: Jun 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment