Professional Authors

မာယာများတဲ့ ပန်းပိတောက်

 


 

အကြတ်နေ့ အတာသင်္ကြန်မှာ…

အစဉ်အလာ ကောင်းပေမဲ့…

ကာလာစုံ ပန်းပိတောက်တွေက…

ဟာ တာတာ ကိုးယိုကားယားနဲ့မို့…

နွမ်းဖက်ဖက် တဖက်နွမ်းနဲ့…

အကဲပို ချွဲပိုလို့ သရမ်း…။

 

ပန်းပိတောက်တဲ့ သင်္ကြန်…

အတာသဘင် အခါတော်မှာပင်..

မြူးကြွကြွ ဟန်ပိုပိုပြင်…

ရှုစားသူအများ စောင့်စားလျက်သား..။

 

 

သတိမမူခင်…. အသိကယ်ကင်းကွာ…

အရှိကိုပင် မသိမူလို့ အရက်ကျွန်ဖြစ်ရသမို့

သူ့အရှိန် သူ့အိမ်ပါ ကိုးယိုးကားယား….။

 

အတက်ကယ် ကင်းကွာ…

အရက်ကယ် တမျှမျှနဲ့…

ဂုဏ်သိက္ခာ အရှက်မဲ့…

ဖြစ်ရပ်က ကြည့်စမ်း…

အို… ဗလာ နတ္ထိ…

မရှိတဲ့ သူ့အိမ်ရာ..

ကွာ ဟ လို့ အထင်သား…

ရှက်ကြောက်မိတယ်… သူ့အစား…။

 

တက္ကသိုလိမြတ်မင်း

In: ကဗျာ Posted By: Date: Apr 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment