Professional Authors

မာယာများအလည်ရပ်တည်ခြင်း

 

မာယာစဉ်းလဲမှု့တွေနဲ့

အကြင်နာကင်းမဲ့ခဲ့တဲ့သူ

ဟန်ဆောင်ဝင်္ကပါထဲမှာ

လူကြီးလူကောင်းယောင်ဆောင်ထားခဲ့ပေါ့… ။

 

ကောက်ကျစ်စဉ်းလဲမှု့တွေနဲ့ ……………….

တဖက်သားအလစ်ကို အငိုက်ဖမ်း ………….

အပြုံးတုအပြုံးယောင်ကွယ်ဖုံး ……………….

အကွက်ဆင် ကောက်ကျစ်ချင်နေခဲပေါ့ … ။

 

မိုးခါးရေကိုမသောက်ချင်တဲ့
ရင်လွဲသူတစ်ယောက် ……
လမ်းတွေမပျောက်ရအောင်
ရိုးသားခြင်းတွေရယ် ……..

ငါ့ကို………………………….

တည့်မတ်ပေးကြပါအုံး …..။        

 

တင်မျိုးနိုင်

 

In: ကဗျာ Posted By: Date: Oct 26, 2012
Comment #1

မိုးခါးရေကိုမသောက်ချင်တဲ့
ရင်လွဲသူတစ်ယောက် ……
လမ်းတွေမပျောက်ရအောင်
ရိုးသားခြင်းတွေရယ် ……..

ငါ့ကို………………………….

တည့်မတ်ပေးကြပါအုံး …..။ ။

commentinfo By: zawthetoo at Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment