အသည်းကွဲ လူရွှင်တော်
တကယ်တော့ ကောင်မလေးရယ်…နင်ဟာ ငါ့ရဲ့ ပျော်ရွှင်ဖွယ်ကျိန်စာလေးပေါ့
ငါကိုယ်တိုင်တောင် မသိခဲ့ပါဘူး
အခုတော့ ဘာတတ်နိုင်မှာလဲ…
ငါမစိုက်ပျိုးပဲ ပွင့်ခဲ့တဲ့ အလွမ်းတွေအတွက်…
ငါ လေ…..ကျေကျေနပ်နပ် နေတတ် နေပြီဟ…..
ငါဘေးနားအဖော်လုပ်လို့နင်ပျော်မယ်ဆို…ငါ သေပျော်ပြီ
နင်ပျော်ရင် ကျေနပ်…..နင်မခေါ်ရင်သေမတတ်…ငါခံစားတတ်ပြီ
နင်ပျော်အောင်ဆော့ နင်ငိုရင်ချော့…..
ငါသက်မဲ့အရုပ်မဟုတ်ဘူးနော်….
ငါ နင့်အတွက် သက်ရှိ အရုပ်…
နင်ပျော်အောင်ညာ…နင်ခေါ်ရင်လာ…
ငါအခု နင့်ဘော်ဒါ လုပ်ဦးမှာပါ
ငါလေ….လွမ်းတတ်ပြီဟ…..ပျော်ပျော်လေးပေါ့
ငါရှိရင်နင်ပျော်တယ်ဆိုတာ…ငါအသက်ရှင်ဖို့မျှော်လင့်ချက်ပါ
နင်မကြည့်ပါနဲ့…ယောင်လို့တောင်မကြည့်ပါနဲ့
ငါ့ရင်ဘတ်က အလွမ်းတွေက နင့်အတွက် မခမ်းနားဘူး
နင်ပျော်အောင်အောင မထားနိုင်မယ့် ငါ့ပခုံးတစ်ဘက်အတွက်
နင်ယောင်လို့တောင် မကြည့်ပါနဲ့
ငါအဆုံးထိ လိမ်ပါရစေ……နင်မသိအောင်လိမ်ပါရစေ…..
ငါလေ…..နင့်ရှေ့မှာ…..ပျော်ပျော် နေတတ်တဲ့ကောင်လေး အဖြစ် နင်မသိအောင်လွမ်းပါရစေ..အဆုံးထိလွမ်းပါရစေ..ဟာ…..
ငါဟာတကယ်တော့…………..လွမ်းယုံလေးသာတတ်နိုင်တဲ့
ငါဟာ….လူရွှင်တော်………
Comment #2
ဒီလူရွှင်တော်လေးကကဗျာလည်းရေးတတ်တယ်ပေါ့…:)
By: theinginyunt09 at Oct 18, 2010
Comment #3
နင်ပျော်ရင် ကျေနပ်…..နင်မခေါ်ရင်သေမတတ်…ငါခံစားတတ်ပြီ
ပြောနေကျလေးပဲ ပြောမယ်ပေါ့…
ဂွတ်စကွဲ…လန်းဆန်းဂွမ်း…
By: ယုစံ at Oct 18, 2010
Comment #4
လွမ်းယုံလေးသာတတ်နိုင်ပေမဲ့ လူတကာထက်ချစ်တတ်တယ်နော် excellent love
By: ခင်လေး at Oct 18, 2010
Comment #7
ကျေးဇူးပဲ သူငယ်ချင်း လူရွှင်တော်
ကျနော် လည်း သူငယ်ချင်းလို နေချင်ပါတယ်
ပျော်ပျော်နေ သေခဲ ၀ဋ်မှာအမြဲ ငရဲမှာအပတဲ့
လူ့ဘ၀အသက်ရှင်ခုက် ပျော်ပျော်နေတာ အကောင်းဆုံးပဲ နော်
By: Kap pi at Oct 23, 2010
Comment #8
ငါ့ရင်ဘတ်က အလွမ်းတွေက နင့်အတွက် မခမ်းနားဘူး
နင်ပျော်အောင်အောင မထားနိုင်မယ့် ငါ့ပခုံးတစ်ဘက်အတွက်
နင်ယောင်လို့တောင် မကြည့်ပါနဲ့
ငါအဆုံးထိ လိမ်ပါရစေ……နင်မသိအောင်လိမ်ပါရစေ…..
ငါလေ…..နင့်ရှေ့မှာ…..ပျော်ပျော် နေတတ်တဲ့ကောင်လေး အဖြစ် နင်မသိအောင်လွမ်းပါရစေ..အဆုံးထိလွမ်းပါရစေ..ဟာ…..
……….
အားပေးနေမယ်နော်..ကောင်းတယ်
By: အသဲကွဲမိုး at Nov 23, 2010
Comment #9
ငါမစိုက်ပျိုးပဲ ပွင့်ခဲ့တဲ့ အလွမ်းတွေအတွက်…
ငါ လေ…..ကျေကျေနပ်နပ် နေတတ် နေပြီဟ…..
ထိတယ်ဗျ……:)
By: moehtetaung18 at Nov 23, 2010
Comment #10
ငါဘေးနားအဖော်လုပ်လို့နင်ပျော်မယ်ဆို…ငါ သေပျော်ပြီ
နင်ပျော်ရင် ကျေနပ်…..နင်မခေါ်ရင်သေမတတ်…ငါခံစားတတ်ပြီ
နင်ပျော်အောင်ဆော့ နင်ငိုရင်ချော့…..
ငါသက်မဲ့အရုပ်မဟုတ်ဘူးနော်….
ငါ နင့်အတွက် သက်ရှိ အရုပ်…
နင်ပျော်အောင်ညာ…နင်ခေါ်ရင်လာ… … … 🙁 … idkcsifaew,f … 🙁
By: Nge Lay at Nov 20, 2011
Comment #11
super like
😛
really nice
i feel sympthatic
if fall in love someone deeply,,there is nothing can do in the world.
By: ei lay at Sep 15, 2012
Comment #12
Hit directly to my heart deeply
By: ei lay at Apr 29, 2013




Comment #1
😀