Professional Authors

ပထမမြောက် အနမ်း

ပထမဆုံး အကြိမ်…

သူ့လက်ဖမိုးဆီ အနမ်းတွေ ကြွေအကျ

ခရေတွေတစ်ပွင့်ချင်း ခုန်ချခဲ့သလိုမျိုး…။

အိပ်မက်တွေရယ်

စိတ်ကူးယဉ်တွေရယ်

အတွေးတွေရယ်

အရောရောအထွေးထွေး…။

ငါ့အသွေးအသားတွေ

နင့်အချစ်တွေနဲ့

သောက်စားမူးယစ်စေခဲ့ပြီ။

ခရေတွေကြွေ…

နှလုံးသားချင်းနက်ရှိုင်းငြိတွယ်…

ရင်ခုန်သံမမှန်မကန်နဲ့

အားနည်းချက်တစ်ခုရယ်

မျိုသိပ်မှုတစ်ခုရယ်ကြောင့်

ငါ့အသည်းတွေဆာလောင်ခဲ့ရပြီ။

နှောင်းအိမ်

In: ကဗျာ,Others Posted By: Date: Apr 6, 2011
Comment #1

ကဗျာလေးကချစ်ဖို့ကောင်းတယ်

commentinfo By: နှင်းဖွေးလေး at Apr 6, 2011
Comment #2

ပထမဆုံး အကြိမ်…

သူ့လက်ဖမိုးဆီ အနမ်းတွေ ကြွေအကျ

ခရေတွေတစ်ပွင့်ချင်း ခုန်ချခဲ့သလိုမျိုး…။

အိပ်မက်တွေရယ်

စိတ်ကူးယဉ်တွေရယ်

အတွေးတွေရယ်

အရောရောအထွေးထွေး…။

ငါ့အသွေးအသားတွေ

နင့်အချစ်တွေနဲ့

သောက်စားမူးယစ်စေခဲ့ပြီ။

ခရေတွေကြွေ…

နှလုံးသားချင်းနက်ရှိုင်းငြိတွယ်…

ရင်ခုန်သံမမှန်မကန်နဲ့

အားနည်းချက်တစ်ခုရယ်

မျိုသိပ်မှုတစ်ခုရယ်ကြောင့်

ငါ့အသည်းတွေဆာလောင်ခဲ့ရပြီ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment