Professional Authors

တစ်ယောက်ရူးတဲ့အခါ နောက်တစ်ယောက်ကပါ လိုက်ရူးတယ်

တစ်ယောက်ရူးတဲ့အခါ နောက်တစ်ယောက်ကပါ လိုက်ရူးတယ်

ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုပျက်စီးလာကြပြီ
လူငယ်တွေ တက်တက်ကြွကြွနဲ့ ပိုသေကြောင်းကြံလာကြပြီ
လူကြီးတွေ သတိတရားရှိရှိနဲ့ ပိုဖျက်ဆီးလာကြပြီ
ကမ္ဘာရေ သင်နေရတာပျော်ပါရဲ့လား…

လူတွေရှိနေတဲ့နေရာတွေ လူတွေမရှိတဲ့နေရာတွေ
များများစားစားသုံးဖြုန်းနေသူတွေ များများစားစားငတ်ပြတ်နေသူတွေ
ဘာမှမဆိုင် ဘာမှမသိ ဘာမှမထိရောက် ဘာမှမလုပ်ဖြစ်သမျှတွေ
ကမ္ဘာရေ သင်ရေဓာတ်လုံလောက်ပါရဲ့လား…

သံစဉ်တွေ သံယောဇဉ်တွေ အဖိတ်အစင်တွေ
စကားလုံးတွေ သားသတ်ရုံတွေ အနုမြူနှင်းတွေ
မြေအောက်မြို့တော်အတွေးတွေ
ပြန်လည်သန့်စင်သုံးစွဲရေးလုပ်ငန်းတွေ
သဘာဝပတ်ဝန်းကျင်ဖျက်ဆီးရေးအနာဂါတ်တွေ
ကမ္ဘာရေ မကြာခင်မှာတော့ သင့်ဝဠ်ပြီးတော့မှာပါ…။ …။

မြေနံ့
၂၅.၃.၂၀၁၂

In: ကဗျာ Posted By: Date: Apr 1, 2012
Comment #1

phat shu arr pay twar par d

commentinfo By: ei lay at Apr 1, 2012
Comment #2

ဟုတ်တယ်–ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုပျက်စီးလာကြပြီ

commentinfo By: jasmine at Apr 1, 2012
Comment #3

မှန်၏

commentinfo By: nyanlinhtet at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment