Professional Authors

မိုးရွာချိန်ဆို …………..

အပြင်မှာ မိုးတွေရွာနေသလို
ငါ့ရင်ထဲမှာလဲ မိုးတွေရွာနေပြီ …………
မိုးရယ် မဆဲဘဲ
တသဲသဲ သာ ရွာချလိုက်ပါနော်
နှုတ်ခမ်းတွေ တုန်ခါပြီး
မ နာမည်ကို ရောင်ရောင်ခေါ်နေမိတယ် …………

လက်ဖျားလေးတွေ အေးစက်တိုင်းလည်း
တစ်ချိန်က နွေးထွေးအောင် ဆုပ်ကိုင်ပေးခဲ့တဲ့
မရဲ့ လက်နွေးနွေးလေးကို တမ်းတနေမိတယ်
မရယ် …………..

ခြေဖျားလေးတွေ က နာကျင်နေပေမဲ့
တစ်ချိန်က မနဲ့ အတူသွားခဲ့ဘူးတဲ့
နေရာလေးတွေကို ဦးတည်နေမိတယ် ………

ပခုံးလေးကလဲ သူ့အပေါ်ကို မိုးစက်တစ်စက်ကျတိုင်း
မှီခဲ့ဘူးတဲ့ ခေါင်းလှလှလေးနဲ့ မကို
အောက်မေ့နေမိတယ် ……….

အဲ့လိုမိုးရွာချိန်ဆို
နာကျင်ခံစားခဲ့ရတာတွေကို ပြန်တွေးမိပြီး
ချောင်ထဲမှာ တစ်ယောက်ထဲ
လူမသိအောင် ငိုနေမိတယ်
မရယ် ………….

ဒါပေမဲ့
အချစ်ကြီး ချစ်ပြီး
အမှတ်မရှိတဲ့ ကျွန်တော်က
မိုး၇ွာပါစေလို့ ပဲ ဆုတောင်းနေမိတယ်
မရယ် ……………

In: ကဗျာ Posted By: Date: Mar 25, 2012
Comment #1

မ တစ်ယောက် ကဗျာရှင်ရဲ့  ကြေကွဲသံကို သိနိုင်ကြားနိုင်ပါစေဗျာ

commentinfo By: sharon myorr myor at Mar 25, 2012
Comment #2

အချစ်ကြီး ချစ်ပြီး
အမှတ်မရှိတဲ့ ကျွန်တော်က
မိုး၇ွာပါစေလို့ ပဲ ဆုတောင်းနေမိတယ်

commentinfo By: ကံ့ကော်မောင် at Mar 26, 2012
Comment #3

မ ကိုအရမ်းချစ်တယ်နဲ့တူတယ်….
ကဗျာလေးကခံစားရတယ်…
အားပေးသွားပါတယ်..

commentinfo By: ကြယ်စင်နတ်သမီး at Mar 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment