Professional Authors

မ ကိုချစ်ခဲ့တဲ့ ကောင်လေး ………….

မကိုချစ်ခဲ့မိတယ်
မကိုမြတ်နိုးခဲ့တယ်
မကိုသတိရနေမိတယ်

ညတိုင်းလိုလိုသတိရနေမိတယ်
အိမ်မက်ထဲမှာလဲတွေ့နေမိတယ်

နောက်ဆုတ်ဖို့ ကြိုးစားမိတယ်ဒါပေမဲ့
ပိုလို့သတိရနေမိတယ်

မနက်တိုင်းလည်း
မရဲ့ မျက်နှာလေးကိုတွေ့ချင်နေမိတယ် ……….

တွေ့ချင်လို့ ကျောင်းကိုအပြေးသွား
မ က ကောင်လေးတစ်ယောက်နဲ့အသွား
မြင်လိုက်ရတဲ့ ကိုယ့်မျက်လုံးတွေကို
ဖောက်ထုတ်လိုက်ချင်မိတယ်

မရယ်မချစ်ရင်လဲနေပါ
တစ်ဖက်သက်ပဲချစ်နေပါ့မယ်
မကိုနာကြည်းအောင်မလုပ်ပါနဲ့
တောင်းပန်ပါတယ်

တောင်းပန်စွာနဲ့ပဲ
နောက်ဆုတ်ပေးပါ့မယ်မ …….

မရဲ့အဆောင်ရှေ့ကိုသွားနေကျ
ခြေထောက်တွေကို
ရိုက်ချိုးထားပါ့မယ် ………..

ဖုန်းဆက်ဖြစ်တဲ့လက်တွေကိုလည်း
ကြိုးတုပ်ထားပါ့မယ်………..

နောက်ဆုံး
လမ်းမှာတွေ့ရင်အောင်
ခေါ်နေကျပါးစပ်ကမခေါ်ဖြစ်အောင်
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ထားပါ့မယ်………..

မကိုအရာရာပေးဆပ်ပြီး
နောက်ဆုတ်ဖို့ကြိုးစားရင်း
ကျွန်တော့်နှလုံးသားထဲကို
မနဲ့ပတ်သတ်တဲ့အရာအားလုံးကိုထည့်ပြီး
ဘယ်မှမရောက်သွားပဲ
အမြဲသတိရအောင်
သော့ခတ်သိမ်းထားလိုက်ပါ့မယ်
မရယ် ………….

In: ကဗျာ Posted By: Date: Aug 3, 2011
Comment #1

မ .. ဖတ်မိရင်တော့ ကြွေ လောက်တယ်..

Comment #2

တခါတလေ သူကိုချစ်စေချင်းတာထက် ကိုချစ်တာက ပူလောင်းမှုသက်တာမယ်ထင်ပါတယ်… ချစ်တဲ့သူနဲ့နီးနိုင်ပါစေရှင်…

commentinfo By: songmoezin at Aug 3, 2011
Comment #3

ညီ…အားပေးသွားပါတယ်
မ.တစ်ယောက်လည်းသိနိုင်ပါစေ

commentinfo By: poem.poem28 at Aug 3, 2011
Comment #4

မိုက်ပါတယ်..အားပေးသွားတယ်

commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #5

da ke lar?

commentinfo By: ei lay at Jan 4, 2012
Comment #6

တကယ်ပေါ့ တော်တော်ခံစားရတယ် ……….

commentinfo By: arkar at Jan 31, 2012
Comment #7

So touching

commentinfo By: ei lay at Jul 30, 2012
Comment #8

Kou chinn sarr tat par p shin.
:'(

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment