Professional Authors

ခံရခက်လို့

ချိန်းတွေ့ခဲ့တဲ့ နေရာလေးမှာ
ငါသွားမိတိုင်း လွမ်းရတယ်
မသွားမိအောင် တားသော်လည်း
မင်းကို လွမ်းစိတ်က မပျောက်နိုင်သေးတာခက်တယ်။

ဘယ်အချိန်အထိ
မင်းရက်စက်နေဦးမှာလဲ
ငါနှလုံးသားတွေ အလိပ်လိပ်
သူများအတွဲတွေမြင်ရင်
နှလုံးသားကို ဆားနဲ့ပက်သလိုပဲ
ခံစားရတယ်…အမိရယ်..

ငါဘာများမှားခဲ့တာလဲ
မင်းမကြိုက်လုပ်မိလို့လား
ပြောပါအမိ
ပြုံးစိစိနဲ့ မသိချင်ယောင်မဆောင်ပါနဲ့
ခံရခက်လို့ပါ သက်ထားရယ်..

တစ်ခွန်းထဲပဲ ပြောလိုက်ပါ
မုန်းတယ်လို့ပြောတာထက်
လှည့်စားခံနေရတာ
အဆိုးဆုံးပါပဲ…

မင်းအတွက် မလိုအပ်တော့ဘူးဆိုရင်လည်း
ထားခဲ့လိုက်ပါ
ဒါပေမဲ့ မင်းထွက်သွားလို့
ငါအချစ်တွေ လျော့မသွားဘူးဆိုတာ
မင်းသိလာတဲ့ တစ်နေ့
ငါ ထိုင်နေကျနေရာလေးမှာ
အဖော်မပါဘဲ စောင့်နေမယ်…

                       ချစ်တော့လည်း ခွင့်လွတ်ဆဲပါ
                                                        စိုး………..

In: ကဗျာ Posted By: Date: Mar 20, 2012
Comment #1

…မင်းထွက်သွားလို့
ငါအချစ်တွေ လျော့မသွားဘူးဆိုတာ
မင်းသိလာတဲ့ တစ်နေ့
ငါ ထိုင်နေကျနေရာလေးမှာ
အဖော်မပါဘဲ စောင့်နေမယ်…

commentinfo By: kantkawmg at Mar 22, 2012
Comment #2

Thanks to kantkawmg

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment