Professional Authors

ဒါပေမဲ့ ငါနင့်ကိုချစ်ခဲ့တယ်..

နင်ကဘဲ လှတာလား
ငါကဘဲ အ တာလား
ဝေဖန်ခွဲခြားမသိ
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

အဲဒါ မှားလား
ပြောစမ်းပါအမိ
မရုန်းထွက်နိုင်မှန်းသိရဲ့နဲ့
အချစ်ကြိုးနဲ့ ချည်နှောင်သေးတယ်
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

ခွဲသွားမယ်ဆိုတာ
ကြိုသိနေလည်း
နင်နဲ့အတူ ရှိခဲ့တဲ့
ညတွေကို ပြန်းတွေးမြင်ယောင်ပြီး
နင်ထွက်သွားတဲ့ လမ်းကို
စိမ့်စိမ်ကြည့်ကာ နေရတယ်
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

သစ္စာမပျက်ခဲ့ သူကိုမှ
မေတ္တာပျက်အောင် လုပ်ယူခဲ့တယ်.
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

နင်ပြောခဲ့စကားနှစ်လုံး (မုန်းတယ်)
ဆိုတာကို ကျေကျေနပ်နပ်ခံယူပြီး
စိတ်မပျက်ဘဲ နေမိတယ်..
ဒါပေမဲ့ ငါနင်ကိုချစ်ခဲ့တယ်..

ပြန်မလာတော့မဲ့လမ်းကို
မှန်းဆကာ တွေးမြင်
ခံစားချက်ဆိုတဲ့
အချစ်တစ်ခုကို ငါလက်ခံခဲ့တယ်.
ဒါပေမဲ့ ငါနင့်ကိုချစ်ခဲ့တယ်..

နင်ပြန်လာပါစေလို့
ဆုတောင်းရင်း
စောင့်နေကျနေရာလေးမှာ
နင်မရှိလည်း ငါတစ်ယောက်တည်း
နင်အငွေ့အသက်လေးနဲ့အတူရှိနေခဲ့တယ်..
ငါနင်ကိုချစ်နေသေးတယ်..
သူများခံစားချက်ကို ထုဆစ်ရင်း
                                         စိုး…

In: ကဗျာ Posted By: Date: Aug 17, 2012
Comment #1

ကျွန်တော် ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Aug 17, 2012
Comment #2

ဘယ်လိုဖြစ်ဖြစ်ပါဗျာ..ကျွန်တော်လည်း
ခံစားအားပေးသွားပါတယ်….

commentinfo By: poem.poem28 at Aug 18, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Aug 18, 2012
Comment #4

Thanks to ‘A thae kaw moe, poem.poem28, and ma ei…

commentinfo By: soeoo at Feb 27, 2013
Comment #5

Feel again

commentinfo By: ei lay at Jan 13, 2014
Comment #6

အရမ်းကောင်းတယ်နော် နောက်လဲရေးပါဦး

commentinfo By: ဆောင်းလမင်း at Feb 18, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment