Professional Authors

သူလေးသိနိုင်ပါစေ….

လှပပြီးမေ့မရနိုင်တဲ့
ပုံရိပ်လေးတွေကြောင့် အတိတ်တခိုးနဲ့
မင်းကို ချစ်နေမိပြီဆိုတာကို
ပြောကာ ပြောပြချင်ပေမဲ့
ကန်သတ်ထားတဲ့ ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေဟာ
ကြမ်းတမ်းလွန်းပါတယ်…သက်ထားရယ်
ဒါပေမဲ့ မင်းကိုတစ်ခုလောက်တော့ ပြောပြချင်တယ်
ဒို့ မင်းလေးကိုချစ်နေတယ်….

မလွန်ဆန်နိုင်တဲ့ ကံတရားကြီးကြောင့်
ဖွင့်ဟမပြောတာကို စိတ်မကွတ်လိုက်ပါနဲ့
တကယ်ဆိုရင် တစ်သက်မှာတစ်ခါ
တစ်သက်မှာ တစ်ယောက်ကိုစွဲနင့်ကာ
အချစ်တွေကို မင်းအပေါ်ပုံအပ်ထားတဲ့
ငါရဲ့အချစ်တစ်ခုဟာ မင်းလေးကြောင့် သက်ဝင်ပြီး
အိမ်မက်မှာတောင် ရန်ရှာနေလို့
အိပ်ရေးပျက်ခဲ့တဲ့ ညပေါင်းလည်း
မနည်းတော့ပါဘူး…သက်ထားရယ်..

အခြေအနေတစ်ရပ်ကြောင့်
အခါမသင့်လို့မို့လို့ စိတ်တော်မညိုးလိုက်ပါနဲ့
အမှန်တကယ် တိုင်တည်ပြီးပြောရမယ်ဆိုရင်
ရင်ထဲမှာခံစားပြီး နှလုံးသားကပြောမတတ်ပေမဲ့
ကိုယ့်ရဲ့မျက်ဝန်းတစ်စုံကနေ ရိုးသားစွာဖွင့်ဟပြောနေတဲ့
စကားသံလေးကိုတော့ နားထောင်ပေးစေချင်တယ်
အဲဒါဘာလဲဆိုတော့ မင်းလေးကို သိပ်သိပ်ချစ်တယ်တဲ့….

ရာထူးကြီးသူ ချစ်မိတော့လည်း
ခံစားရတာ ဘယ်စမ်းမလဲ
ဒါပေမဲ့ တစ်ခါမှနားမလည်သေးတဲ့
ကိုယ့်နှလုံးသားတစ်စုံက တောင်းတနေတာမို့
ဆိုးတတွေ့မှာ ဆိုးနေပါတယ်
ကောင်းတကွေ့မှာ မင်းနဲ့နီးပါရစေလို့တဲ့ဆုတောင်း
ဟောင်းနွမ်းမသွားတဲ့ သံယောဇဉ်ကြိုးတွေနဲ့ချည်နှောင်
အချစ်ဆိုတဲ့အရာကို ရဲရဲကြီးချစ်လိုက်တော့မယ်…..သက်ထားရယ်…

ခံစားနားလည်ပေးပါ…….

                              စိုး…

In: ကဗျာ Posted By: Date: Oct 24, 2013
Comment #1

🙂

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment