Professional Authors

အလွမ်း

အလွမ်းတွေကလည်း အထပ်ထပ်
ပျက်ညတွေလည်း ရက်ဆက်လို့
ဟိုဒီနှလုံးသားတွေလည်း ကွဲထွက်
၂၄ နာရီ လည်ပတ်နေတဲ့ သွေးတွေမရပ်တန့်သေးတော့
ငါရဲ့အချစ်တွေကလည်း စီးဆင်းဆဲပေါ့…သက်ထားရယ်

မင်းမရှိတော့ပေမဲ့
မင်းအငွေ့သက်လေးတွေက အရင်တိုင်းပဲ
မင်းစကားသံလေးတွေကို ပြန်ကြားယောင်တုန်းပဲ
ငါဘေးနားမှာ ရှိနေဆဲပါ….

မင်းပြန်လာမဲ့အချိန်
မင်းအတူရှိခဲ့ဖူးတဲ့ နေရာတွေကိုလည်း
အဖော်မပါဘဲ တစ်ယောက်တည်း
အလွမ်းရက်တွေနဲ့အတူ
ဖြတ်သန်းနေရင်းနဲ့
မင်းနဲ့အတူတူရှိနေစေချင်မိတယ်..

မဖြစ်နိုင်မှန်းသိရဲ့နဲ့
မင်းရင်ခွင်မှာ နားခိုချင်မိသေး
ပျော်မွေ့ရာ ဒို့နှစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းလေး
ဒုတိယပိုင်း ချန်ခဲ့တယ်နော်။

ပထမပိုင်းမှာ ပျော်ရပေမဲ့
ဒုတိယပိုင်းမှာ အလွမ်းရက်နဲ့
နှစ်ပါးသွား မမေ့နိုင်မျက်ဝန်းတစ်စုံက
ညိုးယူကာဖမ်းစား
ထားခဲ့ဖူးတဲ့ အနမ်းတွေကိုပဲ
လိုချင်မိပါသေးတယ်။
                          စိုး…………

In: ကဗျာ Posted By: Date: Mar 18, 2012
Comment #1

khan sar arr pay twar par d

commentinfo By: ei lay at Mar 18, 2012
Comment #2

ခိုက်တယ်ကွာ ခံစာချက်တူနေပါလား

commentinfo By: blackgradenia at Mar 18, 2012
Comment #3

မင်းအငွေ့သက်လေးတွေက အရင်တိုင်းပဲ
မင်းစကားသံလေးတွေကို ပြန်ကြားယောင်တုန်းပဲ
ငါဘေးနားမှာ ရှိနေဆဲပါ…

မင်းအတူရှိခဲ့ဖူးတဲ့ နေရာတွေကိုလည်း
အဖော်မပါဘဲ တစ်ယောက်တည်း
အလွမ်းရက်တွေနဲ့အတူ
ဖြတ်သန်းနေရင်းနဲ့
မင်းနဲ့အတူတူရှိနေစေချင်မိတယ်…

commentinfo By: kantkawmg at Mar 18, 2012
Comment #4

ငါ့အတွက်ေ၇းထားတာလား………?စိုး
စိုင်းစိုင်းပြောသလိုပဲ…..တိုက်ဆိုင်လိုက်တာ…….တကယ်

commentinfo By: သားသား at Mar 19, 2012
Comment #5

Thanks to ma ei, blackgradenia , kantkawmg and tharthar..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment