Professional Authors

မျှော်လင့်ခြင်း အိပ်မက်

ချစ်ခဲ့ကြတာလည်း တစ်နှစ်ပြည့်ပြီ
မင်းပြောဖူးတဲ့ ကတိစကားတွေ ကျိုးပျက်ခဲ့တာလည်း 365 ကြိမ်ရှိပြီ
မင်းနဲ့အတူရှိမဲ့ဆိုတဲ့ New Year လည်း နောက်တစ်ကြိမ်ပြန်ရောက်လာပြီ
မင်းနဲ့အတူသွားမယ်ဆိုတဲ့ Orchard Road က Christmas ပွဲတော်လည်း နောက်တစ်ကျော့ပြန်ကျင်းပနေပြီ
မင်းချက်ကျွေးမယ်ဆိုတဲ့ အစားအသောက်တွေလည်း ငါဝယ်စားနေမိတာ တစ်နှစ်ပြည့်ပြီ
နှစ်သစ်မှာ အတူစဉ်းစားမယ်ဆိုတဲ့ ငါတို့နှစ်ယောက်ရဲ့ ရှေ့ရေးတွေကလည်း
ဒီဇင်ဘာရဲ့ နှင်းတွေလိုပဲ ခပ်မှုန်မှုန်နဲ့ေ၀၀ါးနေတုန်းပဲ
မင်းခေါ်မဲ့ဖုန်းသံတွေကို စောင့်စားရင်း ငါ့ဖုန်းလေးတောင် ပျက်စီးသွားပြီ
၂၄နာရီ မင်းကိုစောင့်စားနေတဲ့ ငါ့ကွန်ပျူတာလေးတောင်
အော့လိုင်းဖြစ်နေတဲ့ မင်းnick ကိုကြည့်ပြီး မျက်ရည်တွေတွေကျတတ်နေပြီ
မင်းကိုစောင့်ဆိုင်းနေမိတဲ့ ငါနှလုံးသားလည်း ဖန်ရေအကြိမ်ကြိမ်ဆေးနေရတဲ့
အနာဟောင်းတစ်ခုလို လှိုက်စားနေပြီ
မင်းကိုနားလည်ပေးလွန်းတဲ့ ငါ့နားလည်မှုတွေကို ငါကိုယ်တိုင်ပဲ
နားမလည်နိုင်ဖြစ်နေရပြီ..
မင်းနဲ့အတူမက်ချင်ခဲ့တဲ့ ငါ့ဝိုးတ၀ါးအိပ်မက်တွေကို ငါဖမ်းဆုပ်မရဖြစ်နေခဲ့ပြီ
တကယ်တော့ မရေရာတဲ့ မျှော်လင့်ခြင်းတွေ စောင့်မျှော်ခြင်းတွေနဲ့
ငါ့အတိတ်ကိုဆေးခြယ် ၊ ငါ့ပစ္စုပ္ပန်ကိုအသက်သွင်း ၊ ငါ့အနာဂတ်ကို သီကုံးချင်တဲ့
လကိုဖမ်းဆုပ် ကြယ်တွေကို ပန်းကုံးလုပ်ချင်တဲ့ ရူးကြောင်ကြောင်လူတစ်ယောက်ငါပါ။
အမှတ်သည်းခြေမရှိတဲ့ငါက မင်းပေးတဲ့ နောက်ထပ်အိပ်မက်တစ်ခုကို
ဆုပ်ကိုင်ပြီး မရေရာတဲ့မျှော်လင့်ခြင်း စောင့်မျှော်ခြင်းတွေကို
ခပ်ယဲ့ယဲ့ နှလုံးသားနဲ့ အတူစောင့်ဆိုင်းနေဆဲပဲ…..။

(အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်က ဒီဇင်ဘာချစ်သူသို့ တစ်နှစ်ပြည့်အမှတ်တရ)

In: ကဗျာ Posted By: Date: Dec 1, 2011
Comment #1

oh,,,,,,,,,
so so niceeeeeeeeeeeeee

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment